16. ထိုနည်းတူ နောက်ဆုံးသောသူတို့သည် အဦးဆုံးဖြစ်ကြပြီး အဦးဆုံးသောသူတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
17. ယေရှုသည် ဂျေရုဆလင်မြို့သို့ တက်သွားတော်မူစဉ် လမ်းခရီး၌ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို သီးသန့်ခေါ်၍
18. “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့ထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍
19. ပြောင်လှောင်ခြင်း၊ ဒဏ်ခတ်ရိုက်နှက်ခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်း စသည်တို့ကိုပြုစေရန် သူ့ကို လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
20. ထိုအခါ ဇေဗေဒဲ၏သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ချဉ်းကပ်လာ၍ ရှိခိုးကာ တစ်စုံတစ်ခုကို ကိုယ်တော်ထံ တောင်းလျှောက်လေ၏။
21. ကိုယ်တော်ကလည်း “သင်သည် မည်သည့်အရာကို အလိုရှိသနည်း”ဟု မေးတော်မူလျှင် သူက “ကျွန်မ၏ဤသားနှစ်ယောက်တို့သည် ကိုယ်တော်၏နိုင်ငံတော်၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ရမည့်အကြောင်း အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
22. သို့သော် ယေရှုက “သင်တို့သည် မည်သည့်အရာတောင်းနေသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကို သင်တို့သောက်နိုင်သလော”ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့သောက်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။