ရှင်​မဿဲ​ခ​ရစ်​ဝင် 20:11-21 Myanmar Standard Bible (MSB)

11. ထို​ငွေ​ကို​ရ​ရှိ​ကြ​သော​အ​ခါ သူ​တို့​က

12. ‘နောက်​ဆုံး​လာ​သော ဤ​သူ​တို့​သည် တစ်​နာ​ရီ​မျှ​သာ အ​လုပ်​လုပ်​ခဲ့​ကြ​သော်​လည်း အ​ရှင်​သည် တစ်​နေ​ကုန် နေ​ပူ​ထဲ​တွင်​အ​ပင်​ပန်း​ခံ​ရ​သည့်​အ​ကျွန်ုပ်​တို့​နှင့် တန်း​တူ​ဖြစ်​စေ​ပါ​သည်​တ​ကား’​ဟု ခြံ​ပိုင်​ရှင်​အား မ​ကျေ​မ​နပ်​ပြော​ဆို​ကြ​၏။

13. သို့​သော် ခြံ​ပိုင်​ရှင်​က ထို​သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​အား ‘အ​ဆွေ၊ ငါ​သည် သင့်​အ​ပေါ်​မ​တ​ရား​ပြု​သည်​မ​ဟုတ်။ သင်​သည် ငါ​နှင့် ဒေ​နာ​ရိ​တစ်​ပြား​နှုန်း​ဖြင့် သ​ဘော​တူ​သည်​မ​ဟုတ်​လော။

14. သင်​၏​လုပ်​အား​ခ​ကို ယူ​၍​သွား​လော့။ သင့်​ကို ငါ​ပေး​သ​ကဲ့​သို့ နောက်​ဆုံး​လာ​သော ဤ​သူ​ကို​လည်း ငါ​ပေး​လို​၏။

15. ငါ​ပိုင်​ဆိုင်​သော​ဥစ္စာ​ဖြင့် ငါ​ပြု​လို​သည့်​အ​ရာ​ကို ငါ​ပြု​ပိုင်​ခွင့်​မ​ရှိ​သ​လော။ သို့​မ​ဟုတ် ငါ​သည် သ​ဘော​ကောင်း​သော​ကြောင့် သင်​သည် မ​ရှု​ဆိတ်​ဖြစ်​နေ​သ​လော’​ဟု ဆို​လေ​၏။

16. ထို​နည်း​တူ နောက်​ဆုံး​သော​သူ​တို့​သည် အ​ဦး​ဆုံး​ဖြစ်​ကြ​ပြီး အ​ဦး​ဆုံး​သော​သူ​တို့​သည် နောက်​ဆုံး​ဖြစ်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

17. ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ တက်​သွား​တော်​မူ​စဉ် လမ်း​ခ​ရီး​၌ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို သီး​သန့်​ခေါ်​၍

18. “နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ သွား​နေ​ကြ​၏။ လူ့​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​ထံ အပ်​နှံ​ခြင်း​ခံ​ရ​လိမ့်​မည်။ သူ​တို့​သည် သူ့​ကို သေ​ဒဏ်​စီ​ရင်​ကြ​၍

19. ပြောင်​လှောင်​ခြင်း၊ ဒဏ်​ခတ်​ရိုက်​နှက်​ခြင်း​နှင့် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း စ​သည်​တို့​ကို​ပြု​စေ​ရန် သူ့​ကို လူ​မျိုး​ခြား​တို့​ထံ အပ်​နှံ​ကြ​လိမ့်​မည်။ သို့​သော် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

20. ထို​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​၏​မိ​ခင်​သည် မိ​မိ​သား​တို့​နှင့်​အ​တူ အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ ရှိ​ခိုး​ကာ တစ်​စုံ​တစ်​ခု​ကို ကိုယ်​တော်​ထံ တောင်း​လျှောက်​လေ​၏။

21. ကိုယ်​တော်​က​လည်း “သင်​သည် မည်​သည့်​အ​ရာ​ကို အ​လို​ရှိ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​က “ကျွန်​မ​၏​ဤ​သား​နှစ်​ယောက်​တို့​သည် ကိုယ်​တော်​၏​နိုင်​ငံ​တော်​၌ လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ရ​မည့်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 20