ရှင်​မဿဲ​ခ​ရစ်​ဝင် 20:1-15 Myanmar Standard Bible (MSB)

1. ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​၏​စ​ပျစ်​ခြံ​အ​တွက် အ​လုပ်​သ​မား​များ​ကို​ငှား​ရန် နံ​နက်​စော​စော​ထွက်​သွား​သည့် ခြံ​ပိုင်​ရှင်​နှင့်​တူ​၏။

2. သူ​သည် တစ်​နေ့​လျှင် ဒေ​နာ​ရိ​တစ်​ပြား​နှုန်း​ဖြင့် အ​လုပ်​သ​မား​များ​နှင့်​သ​ဘော​တူ​လျက် သူ​တို့​ကို မိ​မိ​၏​စ​ပျစ်​ခြံ​သို့ စေ​လွှတ်​လေ​၏။

3. ထို့​နောက် သူ​သည် နံ​နက်​ကိုး​နာ​ရီ​ခန့်​တွင်​ထွက်​သွား​ရာ အ​ခြား​သော​သူ​တို့​သည် အ​လုပ်​မ​လုပ်​ဘဲ ဈေး​အ​ရပ်​၌​ရပ်​နေ​ကြ​သည်​ကို တွေ့​မြင်​လျှင်

4. ထို​သူ​တို့​အား ‘သင်​တို့​လည်း စ​ပျစ်​ခြံ​သို့​သွား​ကြ​လော့။ ထိုက်​သင့်​သည့်​လုပ်​အား​ခ​ကို သင်​တို့​အား ငါ​ပေး​မည်’​ဟု ဆို​သ​ဖြင့် သူ​တို့​သည်​သွား​ကြ​၏။

5. တစ်​ဖန် မွန်း​တည့်​ချိန်​နှင့် မွန်း​လွဲ​သုံး​နာ​ရီ​အ​ချိန်​ခန့်​တို့​တွင်​လည်း ထွက်​၍ ထို​နည်း​တူ​ပြု​လေ​၏။

6. ည​နေ​ငါး​နာ​ရီ​ခန့်​တွင်​လည်း ထွက်​၍ အ​ခြား​သော​သူ​တို့​ရပ်​နေ​ကြ​သည်​ကို​တွေ့​သ​ဖြင့် ‘အ​ဘယ်​ကြောင့်​အ​လုပ်​မ​လုပ်​ဘဲ ဤ​နေ​ရာ​၌ တစ်​နေ့​လုံး​ရပ်​နေ​ကြ​သ​နည်း’​ဟု မေး​လေ​၏။

7. ထို​သူ​တို့​က​လည်း ‘မည်​သူ​မျှ အ​ကျွန်ုပ်​တို့​ကို မ​ငှား​သော​ကြောင့်​ဖြစ်​ပါ​သည်’​ဟု ဖြေ​ကြ​လျှင် ခြံ​ပိုင်​ရှင်​က ‘သင်​တို့​သည်​လည်း စ​ပျစ်​ခြံ​သို့​သွား​ကြ​လော့’​ဟု ဆို​လေ​၏။

8. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ စ​ပျစ်​ခြံ​ပိုင်​ရှင်​က သူ​၏​အိမ်​မှု​ကိစ္စ​စီ​မံ​ကွပ်​ကဲ​သူ​အား ‘အ​လုပ်​သ​မား​များ​ကို​ခေါ်​၍ နောက်​ဆုံး​လာ​သော​သူ​တို့​က​စ​ပြီး ပ​ထ​မ​ဦး​ဆုံး​လာ​သော​သူ​တို့​အ​ထိ သူ​တို့​၏​လုပ်​အား​ခ​ကို​ပေး​လော့’​ဟု ဆို​လေ​၏။

9. ထို​အ​ခါ ည​နေ​ငါး​နာ​ရီ​ခန့်​တွင်​ငှား​ထား​သော​သူ​တို့​သည် လာ​၍ ဒေ​နာ​ရိ​တစ်​ပြား​စီ​ရ​ကြ​၏။

10. ပ​ထ​မ​ဦး​ဆုံး​ငှား​ထား​သော​သူ​တို့​သည်​လည်း လာ​ကြ​ကာ မိ​မိ​တို့​ပို​၍​ရ​လိမ့်​မည်​ဟု ထင်​ကြ​၏။ သို့​သော် သူ​တို့​သည်​လည်း ဒေ​နာ​ရိ​တစ်​ပြား​စီ​ရ​ကြ​၏။

11. ထို​ငွေ​ကို​ရ​ရှိ​ကြ​သော​အ​ခါ သူ​တို့​က

12. ‘နောက်​ဆုံး​လာ​သော ဤ​သူ​တို့​သည် တစ်​နာ​ရီ​မျှ​သာ အ​လုပ်​လုပ်​ခဲ့​ကြ​သော်​လည်း အ​ရှင်​သည် တစ်​နေ​ကုန် နေ​ပူ​ထဲ​တွင်​အ​ပင်​ပန်း​ခံ​ရ​သည့်​အ​ကျွန်ုပ်​တို့​နှင့် တန်း​တူ​ဖြစ်​စေ​ပါ​သည်​တ​ကား’​ဟု ခြံ​ပိုင်​ရှင်​အား မ​ကျေ​မ​နပ်​ပြော​ဆို​ကြ​၏။

13. သို့​သော် ခြံ​ပိုင်​ရှင်​က ထို​သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​အား ‘အ​ဆွေ၊ ငါ​သည် သင့်​အ​ပေါ်​မ​တ​ရား​ပြု​သည်​မ​ဟုတ်။ သင်​သည် ငါ​နှင့် ဒေ​နာ​ရိ​တစ်​ပြား​နှုန်း​ဖြင့် သ​ဘော​တူ​သည်​မ​ဟုတ်​လော။

14. သင်​၏​လုပ်​အား​ခ​ကို ယူ​၍​သွား​လော့။ သင့်​ကို ငါ​ပေး​သ​ကဲ့​သို့ နောက်​ဆုံး​လာ​သော ဤ​သူ​ကို​လည်း ငါ​ပေး​လို​၏။

15. ငါ​ပိုင်​ဆိုင်​သော​ဥစ္စာ​ဖြင့် ငါ​ပြု​လို​သည့်​အ​ရာ​ကို ငါ​ပြု​ပိုင်​ခွင့်​မ​ရှိ​သ​လော။ သို့​မ​ဟုတ် ငါ​သည် သ​ဘော​ကောင်း​သော​ကြောင့် သင်​သည် မ​ရှု​ဆိတ်​ဖြစ်​နေ​သ​လော’​ဟု ဆို​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 20