ရှင်​မဿဲ​ခ​ရစ်​ဝင် 2:9-19 Myanmar Standard Bible (MSB)

9. သူ​တို့​သည် မင်း​ကြီး​၏​မိန့်​မှာ​ချက်​ကို​နား​ထောင်​ပြီး​မှ ထွက်​သွား​ကြ​ရာ အ​ရှေ့​ပြည်​၌ သူ​တို့​တွေ့​ခဲ့​သော​ကြယ်​သည် သူ​ငယ်​တော်​ရှိ​သည့်​နေ​ရာ​ပေါ်​ရောက်​၍ ရပ်​သည့်​တိုင်​အောင် သူ​တို့​ရှေ့​မှ​သွား​လေ​၏။

10. သူ​တို့​သည် ထို​ကြယ်​ကို​မြင်​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ကြ​ပြီး

11. အိမ်​ထဲ​သို့​ဝင်​၍ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို​တွေ့​လျှင် ပျပ်​ဝပ်​လျက်​ရှိ​ခိုး​ကြ​၏။ သူ​တို့​၏​ဘဏ္ဍာ​ကြုတ်​များ​ကို​လည်း​ဖွင့်​၍ ရွှေ၊ လော်​ဗန်​နှင့် မု​ရန်​တည်း​ဟူ​သော လက်​ဆောင်​များ​ကို သူ​ငယ်​တော်​အား​ဆက်​သ​ကြ​၏။

12. ထို့​နောက် ဟေ​ရုဒ်​မင်း​ကြီး​ထံ​သို့ ပြန်​မ​သွား​မည့်​အ​ကြောင်း အိပ်​မက်​ထဲ​တွင် ဗျာ​ဒိတ်​တော်​ရ​သ​ဖြင့် မိ​မိ​တို့​တိုင်း​ပြည်​သို့ အ​ခြား​သော​လမ်း​ဖြင့်​ပြန်​သွား​ကြ​၏။

13. ထို​သူ​တို့​ထွက်​သွား​ကြ​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ယော​သပ်​အား အိပ်​မက်​ထဲ​တွင်​ထင်​ရှား​၍ “ထ​လော့။ သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့​ကို​ခေါ်​လျက် အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​၍ နောက်​တစ်​ဖန် သင့်​အား​ငါ​ပြော​သည့်​တိုင်​အောင် ထို​ပြည်​၌​နေ​လော့။ အ​ကြောင်း​မူ​ကား ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို ရှာ​၍​သတ်​ရန် ကြံ​ရွယ်​နေ​၏”​ဟု မြွက်​ဆို​လေ​၏။

14. ထို​အ​ခါ ယော​သပ်​သည်​ထ​၍ ည​အ​ချိန်​၌​ပင် သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့​ကို ခေါ်​ဆောင်​ကာ အီ​ဂျစ်​ပြည်​သို့ ထွက်​ခွာ​သွား​ပြီး​လျှင်

15. ဟေ​ရုဒ်​မင်း​ကြီး​အ​နိစ္စ​ရောက်​သည့်​တိုင်​အောင် ထို​ပြည်​၌​နေ​လေ​၏။ ဤ​သည်​ကား “ငါ့​သား​ကို အီ​ဂျစ်​ပြည်​မှ ငါ​ခေါ်​ထုတ်​ခဲ့​၏”​ဟု ပ​ရော​ဖက်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

18. ထို​အ​ခါ “ရာ​မ​မြို့​၌ သည်း​ထန်​သော​ငို​ကြွေး​ခြင်း​နှင့်​မြည်​တမ်း​ခြင်း​အ​သံ​ကို ကြား​ရ​၏။ ရာ​ခေ​လ​သည် သူ​၏​က​လေး​များ​အ​တွက်​ငို​ကြွေး​ကာ က​လေး​တို့​မ​ရှိ​ကြ​တော့​သည်​ဖြစ်​၍ နှစ်​သိမ့်​ပေး​ခြင်း​ကို​အ​လို​မ​ရှိ”​ဟု ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ​၏။

19. ဟေ​ရုဒ်​မင်း​ကြီး​အ​နိစ္စ​ရောက်​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် အီ​ဂျစ်​ပြည်​၌​ရှိ​သော​ယော​သပ်​အား အိပ်​မက်​တွင်​ထင်​ရှား​ကာ

ရှင်​မဿဲ​ခ​ရစ်​ဝင် 2