ရှင်​မဿဲ​ခ​ရစ်​ဝင် 2:9-11 Myanmar Standard Bible (MSB)

9. သူ​တို့​သည် မင်း​ကြီး​၏​မိန့်​မှာ​ချက်​ကို​နား​ထောင်​ပြီး​မှ ထွက်​သွား​ကြ​ရာ အ​ရှေ့​ပြည်​၌ သူ​တို့​တွေ့​ခဲ့​သော​ကြယ်​သည် သူ​ငယ်​တော်​ရှိ​သည့်​နေ​ရာ​ပေါ်​ရောက်​၍ ရပ်​သည့်​တိုင်​အောင် သူ​တို့​ရှေ့​မှ​သွား​လေ​၏။

10. သူ​တို့​သည် ထို​ကြယ်​ကို​မြင်​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ကြ​ပြီး

11. အိမ်​ထဲ​သို့​ဝင်​၍ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို​တွေ့​လျှင် ပျပ်​ဝပ်​လျက်​ရှိ​ခိုး​ကြ​၏။ သူ​တို့​၏​ဘဏ္ဍာ​ကြုတ်​များ​ကို​လည်း​ဖွင့်​၍ ရွှေ၊ လော်​ဗန်​နှင့် မု​ရန်​တည်း​ဟူ​သော လက်​ဆောင်​များ​ကို သူ​ငယ်​တော်​အား​ဆက်​သ​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 2