1. ဟေရုဒ်မင်းကြီးလက်ထက်တွင် ယုဒပြည်၊ ဗက်လင်မြို့၌ ယေရှုဖွားမြင်ခြင်းကိုခံတော်မူပြီးနောက် အရှေ့ပြည်မှ နက္ခတ်ပညာရှင်တို့သည် ဂျေရုဆလင်မြို့သို့ ရောက်လာကြ၍
2. “ဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို အကျွန်ုပ်တို့မြင်ခဲ့ရသဖြင့် သူ့ကိုရှိခိုးရန် လာကြပါ၏”ဟု မေးမြန်းပြောဆိုကြ၏။
3. ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် တုန်လှုပ်ချောက်ချားလေ၏။ ဂျေရုဆလင်တစ်မြို့လုံးသည်လည်း မင်းကြီးနှင့်အတူ တုန်လှုပ်ချောက်ချားကြ၏။
4. ထိုအခါ မင်းကြီးသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှကျမ်းပြုဆရာအပေါင်းတို့ကိုစုဝေးစေ၍ ခရစ်တော်သည် မည်သည့်အရပ်၌ဖွားမြင်မည်ကို သူတို့အား မေးမြန်းလေ၏။
5. သူတို့ကလည်း “ယုဒပြည်၊ ဗက်လင်မြို့၌ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်
16-17. ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။