9. သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
10. တပည့်တော်တို့က “လင်နှင့်မယားတို့၏ဆက်နွှယ်မှုသည် ထိုသို့ဖြစ်လျှင် အိမ်ထောင်မပြုဘဲနေခြင်းသည် သာ၍ကောင်းပါ၏”ဟု လျှောက်ကြ၏။
11. ကိုယ်တော်ကလည်း “ဤစကားကို လူတိုင်းခံယူနိုင်သည်မဟုတ်။ ထိုသို့ပြုခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
12. အကြောင်းမူကား အမိဝမ်းတွင်းကပင် အိမ်ထောင်ပြုနိုင်စွမ်းမရှိဘဲ မွေးလာသောသူများရှိကြ၏။ လူတို့ကြောင့် အိမ်ထောင်ပြုနိုင်စွမ်းကို စွန့်လွှတ်ရသောသူများလည်းရှိကြ၏။ ကောင်းကင်နိုင်ငံတော်အတွက် အိမ်ထောင်ပြုနိုင်စွမ်းကို ကိုယ်တိုင်စွန့်လွှတ်သောသူများလည်းရှိကြ၏။ ဤအရာကို ခံယူနိုင်သောသူသည် ခံယူစေ”ဟု မိန့်တော်မူ၏။
13. ထို့နောက် လက်တော်တင်လျက် ဆုတောင်းပေးစေရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။
14. ယေရှုကလည်း “ကလေးသူငယ်တို့ကို ရှိကြပါလေစေ။ ငါ့ထံသို့ သူတို့လာကြသည်ကို မတားဆီးကြနှင့်။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏”ဟု မိန့်တော်မူလျက်