ရှင်​မဿဲ​ခ​ရစ်​ဝင် 19:7-11 Myanmar Standard Bible (MSB)

7. ဖာ​ရိ​ရှဲ​တို့​က “သို့​ဖြစ်​လျှင် ဖြတ်​စာ​ကို​ပေး​၍ မ​ယား​ကို​ကွာ​ရှင်း​ရန် အ​ဘယ်​ကြောင့် မော​ရှေ​သည် ပ​ညတ်​ခဲ့​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

8. ကိုယ်​တော်​က​လည်း “သင်​တို့​၏​စိတ်​နှ​လုံး​မာ​ကျော​သော​ကြောင့် မော​ရှေ​သည် သင်​တို့​အား မ​ယား​ကို​ကွာ​ရှင်း​ခွင့်​ပြု​ခဲ့​၏။ သို့​သော် အ​စ​အ​ဦး​မှ​စ​၍ ထို​ကဲ့​သို့​ဖြစ်​သည်​မ​ဟုတ်။

9. သို့​ဖြစ်​၍ သင်​တို့​အား ငါ​ဆို​သည်​ကား တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​၍ အ​ခြား​မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏”​ဟု မိန့်​တော်​မူ​၏။

10. တ​ပည့်​တော်​တို့​က “လင်​နှင့်​မ​ယား​တို့​၏​ဆက်​နွှယ်​မှု​သည် ထို​သို့​ဖြစ်​လျှင် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​သည် သာ​၍​ကောင်း​ပါ​၏”​ဟု လျှောက်​ကြ​၏။

11. ကိုယ်​တော်​က​လည်း “ဤ​စ​ကား​ကို လူ​တိုင်း​ခံ​ယူ​နိုင်​သည်​မ​ဟုတ်။ ထို​သို့​ပြု​ခွင့်​ရ​သော​သူ​တို့​သာ ခံ​ယူ​နိုင်​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 19