ရှင်​မဿဲ​ခ​ရစ်​ဝင် 19:4-20 Myanmar Standard Bible (MSB)

4. ကိုယ်​တော်​က​လည်း “ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​စ​အ​ဦး​က​ပင် သူ​တို့​ကို ယောက်ျား​နှင့်​မိန်း​မ​အ​ဖြစ် ဖန်​ဆင်း​တော်​မူ​လျက်

5. ‘ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် မိ​မိ​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​စွန့်​ခွာ​၍ မိ​မိ​မ​ယား​နှင့်​ပေါင်း​ဖော်​သ​ဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်’​ဟု မိန့်​တော်​မူ​ခဲ့​ကြောင်း သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော။

6. သို့​ဖြစ်​၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။ ထို့​ကြောင့် ဘု​ရား​သ​ခင်​တွဲ​ဖက်​၍ ထမ်း​ပိုး​တင်​တော်​မူ​သော​အ​ရာ​ကို လူ​က မ​ကွဲ​ကွာ​စေ​နှင့်”​ဟု မိန့်​တော်​မူ​၏။

7. ဖာ​ရိ​ရှဲ​တို့​က “သို့​ဖြစ်​လျှင် ဖြတ်​စာ​ကို​ပေး​၍ မ​ယား​ကို​ကွာ​ရှင်း​ရန် အ​ဘယ်​ကြောင့် မော​ရှေ​သည် ပ​ညတ်​ခဲ့​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

8. ကိုယ်​တော်​က​လည်း “သင်​တို့​၏​စိတ်​နှ​လုံး​မာ​ကျော​သော​ကြောင့် မော​ရှေ​သည် သင်​တို့​အား မ​ယား​ကို​ကွာ​ရှင်း​ခွင့်​ပြု​ခဲ့​၏။ သို့​သော် အ​စ​အ​ဦး​မှ​စ​၍ ထို​ကဲ့​သို့​ဖြစ်​သည်​မ​ဟုတ်။

9. သို့​ဖြစ်​၍ သင်​တို့​အား ငါ​ဆို​သည်​ကား တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​၍ အ​ခြား​မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏”​ဟု မိန့်​တော်​မူ​၏။

10. တ​ပည့်​တော်​တို့​က “လင်​နှင့်​မ​ယား​တို့​၏​ဆက်​နွှယ်​မှု​သည် ထို​သို့​ဖြစ်​လျှင် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​သည် သာ​၍​ကောင်း​ပါ​၏”​ဟု လျှောက်​ကြ​၏။

11. ကိုယ်​တော်​က​လည်း “ဤ​စ​ကား​ကို လူ​တိုင်း​ခံ​ယူ​နိုင်​သည်​မ​ဟုတ်။ ထို​သို့​ပြု​ခွင့်​ရ​သော​သူ​တို့​သာ ခံ​ယူ​နိုင်​ကြ​၏။

12. အ​ကြောင်း​မူ​ကား အ​မိ​ဝမ်း​တွင်း​က​ပင် အိမ်​ထောင်​ပြု​နိုင်​စွမ်း​မ​ရှိ​ဘဲ မွေး​လာ​သော​သူ​များ​ရှိ​ကြ​၏။ လူ​တို့​ကြောင့် အိမ်​ထောင်​ပြု​နိုင်​စွမ်း​ကို စွန့်​လွှတ်​ရ​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ကောင်း​ကင်​နိုင်​ငံ​တော်​အ​တွက် အိမ်​ထောင်​ပြု​နိုင်​စွမ်း​ကို ကိုယ်​တိုင်​စွန့်​လွှတ်​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ဤ​အ​ရာ​ကို ခံ​ယူ​နိုင်​သော​သူ​သည် ခံ​ယူ​စေ”​ဟု မိန့်​တော်​မူ​၏။

13. ထို့​နောက် လက်​တော်​တင်​လျက် ဆု​တောင်း​ပေး​စေ​ရန် လူ​တို့​သည် က​လေး​သူ​ငယ်​များ​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် တ​ပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူ​ငေါက်​ကြ​၏။

14. ယေ​ရှု​က​လည်း “က​လေး​သူ​ငယ်​တို့​ကို ရှိ​ကြ​ပါ​လေ​စေ။ ငါ့​ထံ​သို့ သူ​တို့​လာ​ကြ​သည်​ကို မ​တား​ဆီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​လျက်

15. သူ​တို့​အ​ပေါ်​၌ လက်​တော်​တင်​ပြီး​လျှင် ထို​နေ​ရာ​မှ ကြွ​တော်​မူ​၏။

16. ထို့​နောက် လူ​တစ်​ဦး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ရန် အ​ကျွန်ုပ်​သည် မည်​သည့်​ကောင်း​မြတ်​သော​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လျှောက်​လေ​၏။

17. ကိုယ်​တော်​က​လည်း “ကောင်း​မြတ်​သော​အ​မှု​နှင့်​ပတ်​သက်​၍ အ​ဘယ်​ကြောင့် ငါ့​ကို​မေး​သ​နည်း။ ကောင်း​မြတ်​သော​အ​ရှင်​တစ်​ပါး​တည်း​သာ​ရှိ​တော်​မူ​၏။ သင်​သည် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​လို​လျှင် ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​လော့”​ဟု မိန့်​တော်​မူ​၏။

18. ထို​သူ​က​လည်း “မည်​သည့်​ပ​ညတ်​တော်​များ​နည်း”​ဟု မေး​လျှောက်​ပြန်​သော် ယေ​ရှု​က “လူ​မ​သတ်​ရ။ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​ရ။ မ​ခိုး​ယူ​ရ။ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ခြင်း​မ​ပြု​ရ။

19. မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို ရို​သေ​လော့။ ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

20. ထို​လူ​ငယ်​က “အ​ကျွန်ုပ်​သည် ဤ​အ​ရာ​အား​လုံး​ကို​စောင့်​ထိန်း​ပါ​ပြီ။ မည်​သည့်​အ​ရာ​လို​ပါ​သေး​သ​နည်း”​ဟု လျှောက်​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 19