ရှင်​မဿဲ​ခ​ရစ်​ဝင် 19:25-30 Myanmar Standard Bible (MSB)

25. တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​အံ့​အား​သင့်​လျက် “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု ပြော​ဆို​ကြ​၏။

26. သို့​သော် ယေ​ရှု​သည် သူ​တို့​ကို​စူး​စိုက်​ကြည့်​လျက် “ဤ​အ​ရာ​သည် လူ​တို့​အ​တွက် မ​ဖြစ်​နိုင်​သော်​လည်း ဘု​ရား​သ​ခင်​အ​တွက် အ​ရာ​ခပ်​သိမ်း​သည် ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

27. ထို​အ​ခါ ပေ​တ​ရု​က “အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့ မည်​သည့်​အ​ရာ​ကို ရ​ရှိ​ပါ​မည်​နည်း”​ဟု လျှောက်​လေ​၏။

28. ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား အ​လုံး​စုံ​တို့​ကို​အ​သစ်​ပြု​ပြင်​သော​ကာ​လ​၌ လူ့​သား​သည် မိ​မိ​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ပလ္လင်​ပေါ်​တွင်​ထိုင်​သော​အ​ခါ ငါ့​နောက်​သို့​လိုက်​သော​သင်​တို့​သည်​လည်း ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​ထိုင်​လျက် အစ္စ​ရေး​မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​စု​ကို တ​ရား​စီ​ရင်​ကြ​ရ​လိမ့်​မည်။

29. ငါ​၏​နာ​မ​ကြောင့် အိမ်​ကို​ဖြစ်​စေ၊ ညီ​အစ်​ကို​မောင်​နှ​မ​များ​ကို​ဖြစ်​စေ၊ အ​ဖ​ကို​ဖြစ်​စေ၊ အ​မိ​ကို​ဖြစ်​စေ၊ သား​သ​မီး​များ​ကို​ဖြစ်​စေ၊ မြေ​ယာ​များ​ကို​ဖြစ်​စေ စွန့်​သော​သူ​တိုင်း​သည် အ​ဆ​တစ်​ရာ​သော​အ​ကျိုး​ကို​ခံ​စား​ရ​လျက် ထာ​ဝ​ရ​အ​သက်​ကို​အ​မွေ​ဆက်​ခံ​ရ​လိမ့်​မည်။

30. သို့​သော် အ​ဦး​ဆုံး​သော​သူ​များ​စွာ​တို့​သည် နောက်​ဆုံး​ဖြစ်​ကြ​ပြီး နောက်​ဆုံး​သော​သူ​များ​စွာ​တို့​သည် အ​ဦး​ဆုံး​ဖြစ်​ကြ​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 19