ရှင်​မဿဲ​ခ​ရစ်​ဝင် 19:20-28 Myanmar Standard Bible (MSB)

20. ထို​လူ​ငယ်​က “အ​ကျွန်ုပ်​သည် ဤ​အ​ရာ​အား​လုံး​ကို​စောင့်​ထိန်း​ပါ​ပြီ။ မည်​သည့်​အ​ရာ​လို​ပါ​သေး​သ​နည်း”​ဟု လျှောက်​လေ​၏။

21. ယေ​ရှု​က “သင်​သည် စုံ​လင်​ခြင်း​သို့​ရောက်​လို​လျှင် သွား​၍ သင်​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​ပြီး​လျှင် ဆင်း​ရဲ​သား​တို့​အား ပေး​ကမ်း​လော့။ ထို​သို့​ပြု​လျှင် သင်​သည် ကောင်း​ကင်​ဘုံ​၌​ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ ထို့​နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

22. ထို​လူ​ငယ်​သည် ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​ဖြစ်​သော​ကြောင့် ထို​စ​ကား​ကို​ကြား​လျှင် ဝမ်း​နည်း​လျက် ထွက်​သွား​လေ​၏။

23. ထို​အ​ခါ ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ချမ်း​သာ​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​၏။

24. တစ်​ဖန် သင်​တို့​အား ငါ​ဆို​သည်​ကား ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

25. တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​အံ့​အား​သင့်​လျက် “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု ပြော​ဆို​ကြ​၏။

26. သို့​သော် ယေ​ရှု​သည် သူ​တို့​ကို​စူး​စိုက်​ကြည့်​လျက် “ဤ​အ​ရာ​သည် လူ​တို့​အ​တွက် မ​ဖြစ်​နိုင်​သော်​လည်း ဘု​ရား​သ​ခင်​အ​တွက် အ​ရာ​ခပ်​သိမ်း​သည် ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

27. ထို​အ​ခါ ပေ​တ​ရု​က “အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့ မည်​သည့်​အ​ရာ​ကို ရ​ရှိ​ပါ​မည်​နည်း”​ဟု လျှောက်​လေ​၏။

28. ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား အ​လုံး​စုံ​တို့​ကို​အ​သစ်​ပြု​ပြင်​သော​ကာ​လ​၌ လူ့​သား​သည် မိ​မိ​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ပလ္လင်​ပေါ်​တွင်​ထိုင်​သော​အ​ခါ ငါ့​နောက်​သို့​လိုက်​သော​သင်​တို့​သည်​လည်း ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​ထိုင်​လျက် အစ္စ​ရေး​မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​စု​ကို တ​ရား​စီ​ရင်​ကြ​ရ​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 19