ရှင်​မဿဲ​ခ​ရစ်​ဝင် 19:13-22 Myanmar Standard Bible (MSB)

13. ထို့​နောက် လက်​တော်​တင်​လျက် ဆု​တောင်း​ပေး​စေ​ရန် လူ​တို့​သည် က​လေး​သူ​ငယ်​များ​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် တ​ပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူ​ငေါက်​ကြ​၏။

14. ယေ​ရှု​က​လည်း “က​လေး​သူ​ငယ်​တို့​ကို ရှိ​ကြ​ပါ​လေ​စေ။ ငါ့​ထံ​သို့ သူ​တို့​လာ​ကြ​သည်​ကို မ​တား​ဆီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​လျက်

15. သူ​တို့​အ​ပေါ်​၌ လက်​တော်​တင်​ပြီး​လျှင် ထို​နေ​ရာ​မှ ကြွ​တော်​မူ​၏။

16. ထို့​နောက် လူ​တစ်​ဦး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ရန် အ​ကျွန်ုပ်​သည် မည်​သည့်​ကောင်း​မြတ်​သော​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လျှောက်​လေ​၏။

17. ကိုယ်​တော်​က​လည်း “ကောင်း​မြတ်​သော​အ​မှု​နှင့်​ပတ်​သက်​၍ အ​ဘယ်​ကြောင့် ငါ့​ကို​မေး​သ​နည်း။ ကောင်း​မြတ်​သော​အ​ရှင်​တစ်​ပါး​တည်း​သာ​ရှိ​တော်​မူ​၏။ သင်​သည် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​လို​လျှင် ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​လော့”​ဟု မိန့်​တော်​မူ​၏။

18. ထို​သူ​က​လည်း “မည်​သည့်​ပ​ညတ်​တော်​များ​နည်း”​ဟု မေး​လျှောက်​ပြန်​သော် ယေ​ရှု​က “လူ​မ​သတ်​ရ။ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​ရ။ မ​ခိုး​ယူ​ရ။ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ခြင်း​မ​ပြု​ရ။

19. မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို ရို​သေ​လော့။ ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

20. ထို​လူ​ငယ်​က “အ​ကျွန်ုပ်​သည် ဤ​အ​ရာ​အား​လုံး​ကို​စောင့်​ထိန်း​ပါ​ပြီ။ မည်​သည့်​အ​ရာ​လို​ပါ​သေး​သ​နည်း”​ဟု လျှောက်​လေ​၏။

21. ယေ​ရှု​က “သင်​သည် စုံ​လင်​ခြင်း​သို့​ရောက်​လို​လျှင် သွား​၍ သင်​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​ပြီး​လျှင် ဆင်း​ရဲ​သား​တို့​အား ပေး​ကမ်း​လော့။ ထို​သို့​ပြု​လျှင် သင်​သည် ကောင်း​ကင်​ဘုံ​၌​ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ ထို့​နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

22. ထို​လူ​ငယ်​သည် ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​ဖြစ်​သော​ကြောင့် ထို​စ​ကား​ကို​ကြား​လျှင် ဝမ်း​နည်း​လျက် ထွက်​သွား​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 19