ရှင်​မဿဲ​ခ​ရစ်​ဝင် 17:2-18 Myanmar Standard Bible (MSB)

2. ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ရှေ့​၌ အ​ဆင်း​သဏ္ဌာန်​ပြောင်း​လဲ​၍ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့​ထွန်း​လင်း​ကာ ဝတ်​ရုံ​တော်​သည် အ​လင်း​ကဲ့​သို့​ဖြူ​ဖွေး​လာ​၏။

3. မော​ရှေ​နှင့်​ဧ​လိ​ယ​တို့​သည်​လည်း သူ​တို့​ရှေ့​တွင်​ပေါ်​လာ​၍ ကိုယ်​တော်​နှင့်​စ​ကား​ပြော​နေ​ကြ​၏။

4. ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ဤ​နေ​ရာ​သည် အ​ကျွန်ုပ်​တို့​အ​တွက် နေ​စ​ရာ​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​လို​ရှိ​လျှင် ဤ​နေ​ရာ​၌ တဲ​သုံး​ဆောင်​ကို ကိုယ်​တော်​အ​တွက်​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင် အ​ကျွန်ုပ်​ဆောက်​ပါ​မည်”​ဟု ယေ​ရှု​အား လျှောက်​ထား​လေ​၏။

5. ထို​သို့ ပေ​တ​ရု​လျှောက်​ထား​စဉ် တောက်​ပ​သော​မိုး​တိမ်​သည် သူ​တို့​ကို​ဖုံး​လွှမ်း​၍ မိုး​တိမ်​ထဲ​မှ​အ​သံ​တော်​က “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​၏။ သူ့​စ​ကား​ကို နား​ထောင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

6. တ​ပည့်​တော်​တို့​သည် ထို​အ​သံ​ကို​ကြား​လျှင် အ​လွန်​ကြောက်​ရွံ့​လျက် သူ​တို့​မျက်​နှာ​ကို မြေ​မှာ​အပ်​ထား​ကြ​၏။

7. ထို​အ​ခါ ယေ​ရှု​သည် ချဉ်း​ကပ်​လာ​၍ သူ​တို့​ကို​တို့​ထိ​ကာ “ထ​ကြ​လော့၊ မ​ကြောက်​ကြ​နှင့်”​ဟု မိန့်​တော်​မူ​၏။

8. သူ​တို့​သည် မော့​ကြည့်​ကြ​ရာ ယေ​ရှု​တစ်​ပါး​တည်း​မှ​လွဲ​၍ မည်​သူ့​ကို​မျှ မ​တွေ့​မြင်​ကြ။

9. ထို့​နောက် တောင်​ပေါ်​မှ သူ​တို့​ဆင်း​လာ​ကြ​စဉ် ယေ​ရှု​က “လူ့​သား​သည် သေ​သော​သူ​တို့​ထဲ​မှ မ​ထ​မြောက်​မီ ဤ​ရူ​ပါ​ရုံ​ကို မည်​သူ့​ကို​မျှ​မ​ပြော​ကြ​နှင့်”​ဟု သူ​တို့​အား မိန့်​မှာ​တော်​မူ​၏။

10. ထို​အ​ခါ တ​ပည့်​တော်​တို့​က “သို့​ဖြစ်​လျှင် ဧ​လိ​ယ​သည် ဦး​စွာ​လာ​ရ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​က အ​ဘယ်​ကြောင့်​ဆို​ကြ​သ​နည်း”​ဟူ​၍ ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

11. ကိုယ်​တော်​က​လည်း “ဧ​လိ​ယ​သည်​လာ​၍ အ​ရာ​ခပ်​သိမ်း​တို့​ကို ပြန်​လည်​ထူ​ထောင်​မည်​မှန်​၏။

12. သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား ဧ​လိ​ယ​သည်​ရောက်​လာ​ခဲ့​ပြီ။ သို့​ရာ​တွင် လူ​တို့​သည် သူ့​ကို​မ​သိ​ကြ​ဘဲ သူ့​အ​ပေါ်​ပြု​လို​ရာ​ပြု​ခဲ့​ကြ​ပြီ။ ထို​နည်း​တူ လူ့​သား​သည်​လည်း သူ​တို့​လက်​၌ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​တော့​မည်”​ဟု ပြန်​၍ မိန့်​တော်​မူ​၏။

13. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ကို​ရည်​ညွှန်း​၍ မိ​မိ​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ကြောင်း သ​ဘော​ပေါက်​ကြ​၏။

14. ထို့​နောက် လူ​ထု​ပ​ရိ​သတ်​ရှိ​ရာ​သို့​ရောက်​လာ​ကြ​ရာ လူ​တစ်​ဦး​သည် ကိုယ်​တော်​ထံ ချဉ်း​ကပ်​လာ​၍ ရှေ့​တော်​၌ ဒူး​ထောက်​ကာ

15. “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​သား​ကို​သ​နား​တော်​မူ​ပါ။ အ​ကြောင်း​မှာ သူ​သည် ဝက်​ရူး​ပြန်​ရော​ဂါ​စွဲ​၍ ဝေ​ဒ​နာ​ပြင်း​ထန်​စွာ​ခံ​စား​နေ​ရ​ပါ​၏။ မီး​ထဲ​သို့​လည်း​ကောင်း၊ ရေ​ထဲ​သို့​လည်း​ကောင်း မ​ကြာ​ခ​ဏ လဲ​ကျ​တတ်​ပါ​၏။

16. သို့​ဖြစ်​၍ သူ့​ကို ကိုယ်​တော်​၏​တ​ပည့်​တော်​တို့​ထံ​သို့ ခေါ်​ဆောင်​လာ​သော်​လည်း သူ​တို့​သည် သူ့​ကို​မ​ကျန်း​မာ​စေ​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။

17. ယေ​ရှု​က​လည်း “အို ယုံ​ကြည်​ခြင်း​မ​ရှိ ဖောက်​ပြန်​လမ်း​လွဲ​သော​မျိုး​ဆက်၊ ငါ​သည် သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ သင်​တို့​ကို မည်​မျှ​ကြာ​အောင်​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

18. ထို့​နောက် ယေ​ရှု​သည် နတ်​ဆိုး​ကို​ဆုံး​မ​တော်​မူ​လျှင် နတ်​ဆိုး​သည် သူ​ငယ်​ထံ​မှ​ထွက်​သွား​သ​ဖြင့် သူ​ငယ်​သည် ထို​အ​ချိန်​မှ​စ​၍ ကျန်း​မာ​လာ​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 17