ရှင်​မဿဲ​ခ​ရစ်​ဝင် 17:1-9 Myanmar Standard Bible (MSB)

1. ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်​နှင့် ယာ​ကုပ်​၏​ညီ​ယော​ဟန်​တို့​ကို​ခေါ်​၍ သူ​တို့​ကို မြင့်​မား​သော​တောင်​ပေါ်​သို့ သီး​သန့်​ခေါ်​ဆောင်​သွား​တော်​မူ​၏။

2. ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ရှေ့​၌ အ​ဆင်း​သဏ္ဌာန်​ပြောင်း​လဲ​၍ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့​ထွန်း​လင်း​ကာ ဝတ်​ရုံ​တော်​သည် အ​လင်း​ကဲ့​သို့​ဖြူ​ဖွေး​လာ​၏။

3. မော​ရှေ​နှင့်​ဧ​လိ​ယ​တို့​သည်​လည်း သူ​တို့​ရှေ့​တွင်​ပေါ်​လာ​၍ ကိုယ်​တော်​နှင့်​စ​ကား​ပြော​နေ​ကြ​၏။

4. ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ဤ​နေ​ရာ​သည် အ​ကျွန်ုပ်​တို့​အ​တွက် နေ​စ​ရာ​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​လို​ရှိ​လျှင် ဤ​နေ​ရာ​၌ တဲ​သုံး​ဆောင်​ကို ကိုယ်​တော်​အ​တွက်​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင် အ​ကျွန်ုပ်​ဆောက်​ပါ​မည်”​ဟု ယေ​ရှု​အား လျှောက်​ထား​လေ​၏။

5. ထို​သို့ ပေ​တ​ရု​လျှောက်​ထား​စဉ် တောက်​ပ​သော​မိုး​တိမ်​သည် သူ​တို့​ကို​ဖုံး​လွှမ်း​၍ မိုး​တိမ်​ထဲ​မှ​အ​သံ​တော်​က “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​၏။ သူ့​စ​ကား​ကို နား​ထောင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

6. တ​ပည့်​တော်​တို့​သည် ထို​အ​သံ​ကို​ကြား​လျှင် အ​လွန်​ကြောက်​ရွံ့​လျက် သူ​တို့​မျက်​နှာ​ကို မြေ​မှာ​အပ်​ထား​ကြ​၏။

7. ထို​အ​ခါ ယေ​ရှု​သည် ချဉ်း​ကပ်​လာ​၍ သူ​တို့​ကို​တို့​ထိ​ကာ “ထ​ကြ​လော့၊ မ​ကြောက်​ကြ​နှင့်”​ဟု မိန့်​တော်​မူ​၏။

8. သူ​တို့​သည် မော့​ကြည့်​ကြ​ရာ ယေ​ရှု​တစ်​ပါး​တည်း​မှ​လွဲ​၍ မည်​သူ့​ကို​မျှ မ​တွေ့​မြင်​ကြ။

9. ထို့​နောက် တောင်​ပေါ်​မှ သူ​တို့​ဆင်း​လာ​ကြ​စဉ် ယေ​ရှု​က “လူ့​သား​သည် သေ​သော​သူ​တို့​ထဲ​မှ မ​ထ​မြောက်​မီ ဤ​ရူ​ပါ​ရုံ​ကို မည်​သူ့​ကို​မျှ​မ​ပြော​ကြ​နှင့်”​ဟု သူ​တို့​အား မိန့်​မှာ​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 17