34. ယေရှုကလည်း “သင်တို့တွင် မုန့်မည်မျှရှိသနည်း”ဟု မေးတော်မူရာ သူတို့က “မုန့်ခုနစ်လုံးနှင့် ငါးကလေးအနည်းငယ်ရှိပါသည်”ဟု ပြန်လျှောက်ကြ၏။
35. ထိုအခါ ကိုယ်တော်သည် လူထုပရိသတ်ကို မြေပေါ်၌ထိုင်ကြရန် မိန့်မှာတော်မူလျက်
36. မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့ကာ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။
37. လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကို ကောက်သိမ်းကြရာ ခုနစ်တောင်းအပြည့်ရကြ၏။
38. စားသောသူတို့မှာ အမျိုးသမီးများနှင့်ကလေးသူငယ်များမပါဘဲ ယောက်ျားလေးထောင်ရှိ၏။
39. ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်များကို ပြန်လွှတ်တော်မူပြီးလျှင် လှေပေါ်သို့တက်၍ မာဂဒါလမြို့နှင့်ဆိုင်သောအရပ်ဒေသသို့ ကြွတော်မူ၏။