ရှင်​မဿဲ​ခ​ရစ်​ဝင် 15:30-39 Myanmar Standard Bible (MSB)

30. ထို​အ​ခါ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် ခြေ​မ​သန်​စွမ်း​သူ​များ၊ မျက်​မ​မြင်​များ၊ ကိုယ်အင်္ဂါ​ချို့​တဲ့​သူ​များ၊ ဆွံ့​အ​သူ​များ​နှင့် အ​ခြား​ရော​ဂါ​သည်​အ​မြောက်​အ​မြား​တို့​ကို မိ​မိ​တို့​နှင့်​အ​တူ​ခေါ်​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ကြ​ကာ ခြေ​တော်​ရင်း​၌​ချ​ထား​ကြ​သ​ဖြင့် ကိုယ်​တော်​သည် သူ​တို့​ကို​ကျန်း​မာ​စေ​တော်​မူ​၏။

31. လူ​ထု​ပ​ရိ​သတ်​တို့​သည် ဆွံ့​အ​သူ​များ စ​ကား​ပြော​ကြ​သည်​ကို​လည်း​ကောင်း၊ ကိုယ်အင်္ဂါ​ချို့​တဲ့​သူ​များ အ​ကောင်း​ပ​က​တိ​ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​သန်​စွမ်း​သူ​များ လမ်း​လျှောက်​ကြ​သည်​ကို​လည်း​ကောင်း၊ မျက်​မ​မြင်​များ မျက်​စိ​မြင်​ကြ​သည်​ကို​လည်း​ကောင်း တွေ့​မြင်​လျက် အံ့​သြ​ကြ​ကာ အစ္စ​ရေး​လူ​မျိုး​၏​ဘု​ရား​သ​ခင်​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

32. ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍ “ဤ​လူ​ထု​ပ​ရိ​သတ်​ကို ငါ​သ​နား​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် သုံး​ရက်​တိုင်​တိုင် ငါ​နှင့်​အ​တူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်​သည့်​စား​စ​ရာ​မျှ​မ​ရှိ။ သူ​တို့​ကို​ဘာ​မျှ​မ​ကျွေး​ဘဲ ပြန်​သွား​စေ​ရန် ငါ​အ​လို​မ​ရှိ။ ထို​သို့​ပြန်​စေ​လျှင် သူ​တို့​သည် လမ်း​ခ​ရီး​၌ အား​ပြတ်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

33. တ​ပည့်​တော်​တို့​က​လည်း “အ​ကျွန်ုပ်​တို့​သည် ဤ​မျှ​လောက်​များ​ပြား​သော​လူ​ထု​ပ​ရိ​သတ်​အား ဝ​လင်​စွာ​ကျွေး​နိုင်​လောက်​သည့် များ​စွာ​သော​မုန့်​ကို ဤ​တော​ကန္တာ​ရ​၌ အ​ဘယ်​က​ရ​နိုင်​ပါ​မည်​နည်း”​ဟု လျှောက်​ကြ​၏။

34. ယေ​ရှု​က​လည်း “သင်​တို့​တွင် မုန့်​မည်​မျှ​ရှိ​သ​နည်း”​ဟု မေး​တော်​မူ​ရာ သူ​တို့​က “မုန့်​ခု​နစ်​လုံး​နှင့် ငါး​က​လေး​အ​နည်း​ငယ်​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

35. ထို​အ​ခါ ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​ကို မြေ​ပေါ်​၌​ထိုင်​ကြ​ရန် မိန့်​မှာ​တော်​မူ​လျက်

36. မုန့်​ခု​နစ်​လုံး​နှင့် ငါး​တို့​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် ၎င်း​တို့​ကို​ဖဲ့​ကာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း လူ​ထု​ပ​ရိ​သတ်​တို့​အား ဝေ​ပေး​ကြ​၏။

37. လူ​အ​ပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့​နောက် ကြွင်း​ကျန်​သော​မုန့်​အ​ကျိုး​အ​ပဲ့​များ​ကို ကောက်​သိမ်း​ကြ​ရာ ခု​နစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။

38. စား​သော​သူ​တို့​မှာ အ​မျိုး​သ​မီး​များ​နှင့်​က​လေး​သူ​ငယ်​များ​မ​ပါ​ဘဲ ယောက်ျား​လေး​ထောင်​ရှိ​၏။

39. ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​များ​ကို ပြန်​လွှတ်​တော်​မူ​ပြီး​လျှင် လှေ​ပေါ်​သို့​တက်​၍ မာ​ဂ​ဒါ​လ​မြို့​နှင့်​ဆိုင်​သော​အ​ရပ်​ဒေ​သ​သို့ ကြွ​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 15