ရှင်​မဿဲ​ခ​ရစ်​ဝင် 15:3-14 Myanmar Standard Bible (MSB)

3. ကိုယ်​တော်​က “သင်​တို့​သည်​လည်း မိ​မိ​တို့​၏​ဓ​လေ့​ထုံး​တမ်း​အ​တွက် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို အ​ဘယ်​ကြောင့်​ချိုး​ဖောက်​ကြ​သ​နည်း။

4. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​က ‘မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​ရို​သေ​လော့။ မိ​ခင် သို့​မ​ဟုတ် ဖ​ခင်​ကို ပုတ်​ခတ်​ပြော​ဆို​သော​သူ​သည် သေ​ဒဏ်​ကျ​ခံ​စေ’​ဟု မိန့်​တော်​မူ​ခဲ့​၏။

5. သို့​သော် သင်​တို့​က ‘မည်​သူ​မ​ဆို မိ​ခင် သို့​မ​ဟုတ် ဖ​ခင်​အား အ​ကျွန်ုပ်​ထံ​မှ သင်​တို့​ခံ​စား​ထိုက်​သည့်​အ​ရာ​သည် လှူ​ဖွယ်​ဝတ္ထု​ဖြစ်​ပါ​ပြီ​ဟု ဆို​လျှင်

6. ထို​သူ​သည် မိ​မိ​၏​ဖ​ခင်​ကို​ဂုဏ်​ပြု​စ​ရာ​မ​လို​ပေ’​ဟု ပြော​ဆို​ကြ​၏။ ဤ​သို့​ဖြင့် သင်​တို့​သည် မိ​မိ​တို့​၏​ဓ​လေ့​ထုံး​တမ်း​အ​တွက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ပယ်​ဖျက်​ကြ​၏။

7. သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့၊ သင်​တို့​နှင့်​ပတ်​သက်​၍ ဟေ​ရှာ​ယ​က

8. ‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရို​သေ​ကြ​၏။ သို့​သော် သူ​တို့​၏​စိတ်​နှ​လုံး​သည် ငါ​နှင့်​ဝေး​လှ​၏။

9. သူ​တို့​သည် လူ​တို့​၏​ပ​ညတ်​ချက်​များ​ကို ဩ​ဝါ​ဒ​များ​အ​ဖြစ်​သွန်​သင်​လျက် ငါ့​ကို အ​ချည်း​နှီး​ကိုး​ကွယ်​ကြ​၏’​ဟူ​၍ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏”​ဟု မိန့်​တော်​မူ​၏။

10. ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​ကို​ခေါ်​ပြီး​လျှင် “နား​ထောင်​၍ နား​လည်​ကြ​လော့။

11. ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည်​မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​လာ​သော​အ​ရာ​က​သာ လူ​ကို​ညစ်​ညူး​စေ​၏”​ဟု မိန့်​တော်​မူ​၏။

12. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​လျက် “ဖာ​ရိ​ရှဲ​တို့​သည် မိန့်​တော်​မူ​သော​စ​ကား​တို့​ကို​ကြား​၍ ဘ​ဝင်​မ​ကျ​ဖြစ်​ကြ​သည်​ကို ကိုယ်​တော်​သိ​တော်​မူ​ပါ​သ​လော”​ဟု လျှောက်​ကြ​၏။

13. ကိုယ်​တော်​က​လည်း “ကောင်း​ကင်​ဘုံ​ရှင် ငါ့​ခ​မည်း​တော်​မ​စိုက်​သော​အ​ပင်​ရှိ​သ​မျှ​သည် အ​မြစ်​ပါ​မ​ကျန် ဆွဲ​နုတ်​ခြင်း​ခံ​ရ​လိမ့်​မည်။

14. သူ​တို့​ရှိ​ကြ​ပါ​လေ​စေ။ သူ​တို့​သည် မျက်​မ​မြင်​တို့​ကို​လမ်း​ပြ​သော မျက်​မ​မြင်​များ​ဖြစ်​ကြ​၏။ မျက်​မ​မြင်​သည် မျက်​မ​မြင်​ကို​လမ်း​ပြ​လျှင် နှစ်​ဦး​စ​လုံး တွင်း​ထဲ​သို့​ကျ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 15