1. ထိုအခါ၌ ဂျေရုဆလင်မြို့မှ ဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့သည် ယေရှုထံသို့ချဉ်းကပ်လာ၍
2. “သင်၏တပည့်များသည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ချိုးဖောက်ကြသနည်း။ အကြောင်းမှာ သူတို့သည် အစာစားသည့်အခါ သူတို့၏လက်ကိုမဆေးကြပါ”ဟု လျှောက်ကြ၏။
3. ကိုယ်တော်က “သင်တို့သည်လည်း မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်ချိုးဖောက်ကြသနည်း။
4. အကြောင်းမူကား ဘုရားသခင်က ‘မိခင်နှင့်ဖခင်တို့ကိုရိုသေလော့။ မိခင် သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု မိန့်တော်မူခဲ့၏။
5. သို့သော် သင်တို့က ‘မည်သူမဆို မိခင် သို့မဟုတ် ဖခင်အား အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုဖြစ်ပါပြီဟု ဆိုလျှင်
6. ထိုသူသည် မိမိ၏ဖခင်ကိုဂုဏ်ပြုစရာမလိုပေ’ဟု ပြောဆိုကြ၏။ ဤသို့ဖြင့် သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။
7. သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့နှင့်ပတ်သက်၍ ဟေရှာယက