53. ယေရှုသည် ဤပုံဥပမာများကို မြွက်ဆိုတော်မူပြီးသောအခါ ထိုအရပ်မှ ထွက်ခွာတော်မူ၏။
54. ထို့နောက် ကိုယ်တော်သည် မိမိ၏နေရင်းမြို့သို့ကြွ၍ ဝတ်ပြုစည်းဝေးကျောင်း၌ လူတို့ကိုသွန်သင်တော်မူ၏။ ထိုအခါ လူတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤဉာဏ်ပညာနှင့်တန်ခိုးများကို အဘယ်ကရသနည်း။
55. ဤသူသည် လက်သမား၏သားမဟုတ်လော။ သူ၏မိခင်သည် မာရိဖြစ်ပြီး သူ၏ညီများသည် ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့် ယုဒတို့ဖြစ်ကြသည်မဟုတ်လော။
56. သူ၏နှမအားလုံးသည်လည်း ငါတို့နှင့်အတူရှိကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာအလုံးစုံတို့ကို အဘယ်ကရသနည်း”ဟု ပြောဆိုကြကာ
57. ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ ယေရှုကလည်း “ပရောဖက်သည် မိမိ၏နေရင်းမြို့နှင့် မိမိ၏အိမ်တို့မှတစ်ပါး မည်သည့်အရပ်၌မျှ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ”ဟု မိန့်တော်မူ၏။
58. ကိုယ်တော်သည် သူတို့၏မယုံကြည်မှုကြောင့် ထိုနေရာ၌ များစွာသောတန်ခိုးလက္ခဏာတို့ကို ပြုတော်မမူခဲ့ပေ။