ရှင်​မဿဲ​ခ​ရစ်​ဝင် 13:40-58 Myanmar Standard Bible (MSB)

40. သို့​ဖြစ်​၍ မြက်​သီး​ပင်​များ​ကို​နုတ်​ယူ​၍ မီး​ရှို့​သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

41. လူ့​သား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် မှား​ယွင်း​စေ​သော​အ​ရာ​များ​နှင့် တ​ရား​မဲ့​သော​အ​မှု​ကို​ပြု​သော​သူ​များ​အား​လုံး​တို့​ကို နိုင်​ငံ​တော်​မှ နုတ်​ယူ​ပြီး​လျှင်

42. မီး​ပြင်း​ဖို​ထဲ​သို့ ပစ်​ချ​ကြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့် အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်။

43. ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​သည် သူ​တို့​အ​ဖ​၏​နိုင်​ငံ​တော်​၌ နေ​ကဲ့​သို့ ထွန်း​လင်း​ကြ​လိမ့်​မည်။ နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

44. ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်​၌​ဝှက်​ထား​သော ဥစ္စာ​ဘဏ္ဍာ​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ၎င်း​ကို​တွေ့​သော​အ​ခါ ပြန်​လည်​ဝှက်​ထား​ပြီး​လျှင် ဝမ်း​မြောက်​စွာ​ဖြင့်​သွား​၍ သူ​၌​ရှိ​သော​အ​ရာ​အား​လုံး​ကို​ရောင်း​လျက် ထို​လယ်​ကို​ဝယ်​လေ​၏။

45. တစ်​ဖန် ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​ပု​လဲ​ကို​ရှာ​ဖွေ​နေ​သော ကုန်​သည်​နှင့်​တူ​၏။

46. သူ​သည် အ​လွန်​အ​ဖိုး​တန်​သော​ပု​လဲ​တစ်​လုံး​ကို​တွေ့​သော​အ​ခါ သွား​၍ သူ​၌​ရှိ​သ​မျှ​တို့​ကို​ရောင်း​ပြီး​လျှင် ထို​ပု​လဲ​ကို​ဝယ်​လေ​၏။

47. တစ်​ဖန် ကောင်း​ကင်​နိုင်​ငံ​တော်​သည် ပင်​လယ်​ထဲ​၌​ချ​၍ ငါး​အ​မျိုး​စုံ​ကို​ဖမ်း​မိ​သော ပိုက်​ကွန်​နှင့်​တူ​၏။

48. ငါး​နှင့်​ပြည့်​သော​အ​ခါ ထို​ပိုက်​ကွန်​ကို ကမ်း​ပေါ်​သို့​ဆွဲ​တင်​ကာ ထိုင်​လျက် ကောင်း​သော​ငါး​များ​ကို ခြင်း​တောင်း​ထဲ​သို့​ခွဲ​ထည့်​၍ မ​ကောင်း​သော​ငါး​များ​ကို အ​ပြင်​သို့​ပစ်​လိုက်​ကြ​၏။

49. ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌ ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​တ​မန်​များ​သည်​လာ​၍ ဆိုး​ညစ်​သော​သူ​တို့​ကို ဖြောင့်​မတ်​သော​သူ​တို့​ထဲ​မှ သီး​ခြား​ခွဲ​ထား​ကာ

50. မီး​ပြင်း​ဖို​ထဲ​သို့ ပစ်​ချ​ကြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်။

51. ဤ​အ​ရာ​အား​လုံး​ကို သင်​တို့​နား​လည်​ကြ​သ​လော”​ဟု မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က “နား​လည်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။

52. ကိုယ်​တော်​က​လည်း “သို့​ဖြစ်​၍ ကောင်း​ကင်​နိုင်​ငံ​တော်​၏​တ​ပည့်​ဖြစ်​လာ​သော ကျမ်း​ပြု​ဆ​ရာ​တိုင်း​သည် မိ​မိ​၏​ဘဏ္ဍာ​တိုက်​ထဲ​မှ ဥစ္စာ​ဘဏ္ဍာ​အ​သစ်​နှင့်​အ​ဟောင်း​တို့​ကို ထုတ်​ယူ​သော​အိမ်​ရှင်​နှင့်​တူ​၏”​ဟု မိန့်​တော်​မူ​၏။

53. ယေ​ရှု​သည် ဤ​ပုံ​ဥ​ပ​မာ​များ​ကို မြွက်​ဆို​တော်​မူ​ပြီး​သော​အ​ခါ ထို​အ​ရပ်​မှ ထွက်​ခွာ​တော်​မူ​၏။

54. ထို့​နောက် ကိုယ်​တော်​သည် မိ​မိ​၏​နေ​ရင်း​မြို့​သို့​ကြွ​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​၌ လူ​တို့​ကို​သွန်​သင်​တော်​မူ​၏။ ထို​အ​ခါ လူ​တို့​သည် အံ့​အား​သင့်​လျက် “ဤ​သူ​သည် ဤ​ဉာဏ်​ပ​ညာ​နှင့်​တန်​ခိုး​များ​ကို အ​ဘယ်​က​ရ​သ​နည်း။

55. ဤ​သူ​သည် လက်​သ​မား​၏​သား​မ​ဟုတ်​လော။ သူ​၏​မိ​ခင်​သည် မာ​ရိ​ဖြစ်​ပြီး သူ​၏​ညီ​များ​သည် ယာ​ကုပ်၊ ယော​သပ်၊ ရှိ​မုန်​နှင့် ယု​ဒ​တို့​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

56. သူ​၏​နှ​မ​အား​လုံး​သည်​လည်း ငါ​တို့​နှင့်​အ​တူ​ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့​ဖြစ်​လျှင် ဤ​သူ​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို အ​ဘယ်​က​ရ​သ​နည်း”​ဟု ပြော​ဆို​ကြ​ကာ

57. ကိုယ်​တော်​အ​ပေါ် ဘ​ဝင်​မ​ကျ​ဖြစ်​ကြ​၏။ ယေ​ရှု​က​လည်း “ပ​ရော​ဖက်​သည် မိ​မိ​၏​နေ​ရင်း​မြို့​နှင့် မိ​မိ​၏​အိမ်​တို့​မှ​တစ်​ပါး မည်​သည့်​အ​ရပ်​၌​မျှ ဂုဏ်​သ​ရေ​မဲ့​သည်​ဟူ​၍​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

58. ကိုယ်​တော်​သည် သူ​တို့​၏​မ​ယုံ​ကြည်​မှု​ကြောင့် ထို​နေ​ရာ​၌ များ​စွာ​သော​တန်​ခိုး​လက္ခ​ဏာ​တို့​ကို ပြု​တော်​မ​မူ​ခဲ့​ပေ။

ရှင်​မဿဲ​ခ​ရစ်​ဝင် 13