ရှင်​မဿဲ​ခ​ရစ်​ဝင် 13:33-45 Myanmar Standard Bible (MSB)

33. အ​ခြား​သော​ပုံ​ဥ​ပ​မာ​ကို သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “ကောင်း​ကင်​နိုင်​ငံ​တော်​သည် တ​ဆေး​နှင့်​တူ​၏။ အ​မျိုး​သ​မီး​တစ်​ဦး​သည် ၎င်း​ကို​ယူ​၍ ဂျုံ​မှုန့်​သုံး​စိတ်​ထဲ​တွင်​ထည့်​လိုက်​သော် မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ပွ​စေ​၏”​ဟု မိန့်​တော်​မူ​၏။

34. ယေ​ရှု​သည် ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို ပုံ​ဥ​ပ​မာ​များ​ဖြင့် လူ​ထု​ပ​ရိ​သတ်​တို့​အား မြွက်​ဆို​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ပါ​ဘဲ သူ​တို့​အား မြွက်​ဆို​တော်​မ​မူ။

35. ဤ​သည်​ကား “ငါ​သည် ပုံ​ဥ​ပ​မာ​များ​ဖြင့် ငါ့​နှုတ်​ကို​ဖွင့်​လျက် ကမ္ဘာ​တည်​က​တည်း​က ကွယ်​ဝှက်​ထား​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​ပြော​ဆို​မည်”​ဟု ပ​ရော​ဖက်​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ​ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

36. ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​ကို​ထား​ခဲ့​၍ အိမ်​ထဲ​သို့​ဝင်​တော်​မူ​လျှင် တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “စိုက်​ခင်း​ထဲ​မှ မြက်​သီး​ပင်​များ​ပုံ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား​ရှင်း​ပြ​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

37. ထို​အ​ခါ ကိုယ်​တော်​က “ကောင်း​သော​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် လူ့​သား​ဖြစ်​ပြီး

38. စိုက်​ခင်း​သည် ဤ​လော​က​ဖြစ်​၏။ ကောင်း​သော​မျိုး​စေ့​သည် နိုင်​ငံ​တော်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်​သီး​ပင်​များ​မူ​ကား မာရ်​နတ်​၏​သား​များ​ဖြစ်​ကြ​၏။

39. မြက်​သီး​မျိုး​စေ့​များ​ကို​ကြဲ​သော​ရန်​သူ​သည် မာရ်​နတ်​ဖြစ်​၏။ ရိတ်​သိမ်း​ချိန်​မူ​ကား ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​ဖြစ်​၍ ရိတ်​သိမ်း​သော​သူ​တို့​သည် ကောင်း​ကင်​တ​မန်​များ​ဖြစ်​ကြ​၏။

40. သို့​ဖြစ်​၍ မြက်​သီး​ပင်​များ​ကို​နုတ်​ယူ​၍ မီး​ရှို့​သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

41. လူ့​သား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် မှား​ယွင်း​စေ​သော​အ​ရာ​များ​နှင့် တ​ရား​မဲ့​သော​အ​မှု​ကို​ပြု​သော​သူ​များ​အား​လုံး​တို့​ကို နိုင်​ငံ​တော်​မှ နုတ်​ယူ​ပြီး​လျှင်

42. မီး​ပြင်း​ဖို​ထဲ​သို့ ပစ်​ချ​ကြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့် အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်။

43. ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​သည် သူ​တို့​အ​ဖ​၏​နိုင်​ငံ​တော်​၌ နေ​ကဲ့​သို့ ထွန်း​လင်း​ကြ​လိမ့်​မည်။ နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

44. ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်​၌​ဝှက်​ထား​သော ဥစ္စာ​ဘဏ္ဍာ​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ၎င်း​ကို​တွေ့​သော​အ​ခါ ပြန်​လည်​ဝှက်​ထား​ပြီး​လျှင် ဝမ်း​မြောက်​စွာ​ဖြင့်​သွား​၍ သူ​၌​ရှိ​သော​အ​ရာ​အား​လုံး​ကို​ရောင်း​လျက် ထို​လယ်​ကို​ဝယ်​လေ​၏။

45. တစ်​ဖန် ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​ပု​လဲ​ကို​ရှာ​ဖွေ​နေ​သော ကုန်​သည်​နှင့်​တူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 13