24. ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အား မြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို မိမိစိုက်ခင်း၌ ကြဲသောသူနှင့်တူ၏။
25. သို့သော် လူတို့အိပ်ပျော်နေကြစဉ် သူ၏ရန်သူသည်လာ၍ ဂျုံမျိုးစေ့ကြားတွင် မြက်သီးမျိုးစေ့များကိုကြဲပြီး ထွက်သွားလေ၏။
26. အပင်ပေါက်၍ အနှံထွက်လာသောအခါ မြက်သီးပင်များလည်း ထင်ရှားလာကြ၏။
27. ထိုအခါ စိုက်ခင်းပိုင်ရှင်၏အစေအပါးတို့သည်လာ၍ ‘သခင်၊ သခင်၏စိုက်ခင်း၌ ကောင်းသောမျိုးစေ့ကို ကြဲခဲ့သည်မဟုတ်လော။ သို့ဖြစ်လျှင် မြက်သီးပင်များသည် အဘယ်ကပေါက်လာသနည်း’ဟု မေးမြန်းကြ၏။
28. စိုက်ခင်းပိုင်ရှင်ကလည်း ‘ဤသည်ကား ရန်သူ၏လုပ်ရပ်ဖြစ်၏’ဟု ဆို၏။ ထိုအခါ အစေအပါးတို့က ‘ထိုသို့ဆိုလျှင် အကျွန်ုပ်တို့သွား၍ မြက်သီးပင်တို့ကို နုတ်ယူရမည်လော’ဟု မေးလျှောက်ကြ၏။
29. သို့သော် စိုက်ခင်းပိုင်ရှင်က ‘ထိုသို့မပြုနှင့်။ မြက်သီးပင်များကိုနုတ်ယူစဉ် ဂျုံပင်ကိုရောနှော၍ အမြစ်ပါမကျန်ဆွဲနုတ်မိမည်ကို စိုးရိမ်ရ၏။
30. ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးစလုံးအတူ ကြီးထွားကြပါစေ။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းသောသူတို့အား ‘မြက်သီးပင်များကို ဦးစွာနုတ်ယူ၍ ၎င်းတို့ကိုမီးရှို့ရန် အစည်းလိုက်ချည်ထားကြလော့။ ဂျုံဆန်ကိုမူကား ငါ၏ကျီထဲ၌ စုသိမ်းထားကြလော့’ဟု ငါပြောမည်ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။