ရှင်​မဿဲ​ခ​ရစ်​ဝင် 13:16-30 Myanmar Standard Bible (MSB)

16. သို့​သော် သင်​တို့​၏​မျက်​စိ​သည်​မြင်​၍ သင်​တို့​၏​နား​သည်​လည်း ကြား​သော​ကြောင့် မင်္ဂ​လာ​ရှိ​၏။

17. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား များ​စွာ​သော​ပ​ရော​ဖက်​တို့​နှင့် ဖြောင့်​မတ်​သော​သူ​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အ​ရာ​တို့​ကို အ​လွန်​မြင်​လို​ကြ​သော်​လည်း မ​မြင်​ခဲ့​ကြ​ရ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အ​ရာ​တို့​ကို အ​လွန်​ကြား​လို​ကြ​သော်​လည်း မ​ကြား​ခဲ့​ကြ​ရ​ပေ။

18. ထို့​ကြောင့် မျိုး​ကြဲ​သော​သူ​၏​ပုံ​ဥ​ပ​မာ​ကို သင်​တို့​နား​ထောင်​ကြ​လော့။

19. မည်​သူ​မ​ဆို နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​တ​ရား​စ​ကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်​နတ်​သည်​လာ​၍ သူ​၏​စိတ်​နှ​လုံး​ထဲ​၌​ကြဲ​ထား​သော​အ​ရာ​ကို လု​ယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ ထို​သို့​သော​သူ​ကို​ဆို​လို​၏။

20. ကျောက်​ပေါ​များ​သော​နေ​ရာ​တွင်​ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​၍ ဝမ်း​မြောက်​စွာ​ဖြင့် ချက်​ချင်း​လက်​ခံ​သော​သူ​ကို​ဆို​လို​၏။

21. သို့​သော် သူ​၌​အ​မြစ်​မ​စွဲ​သ​ဖြင့် ခ​ဏ​သာ​ခံ​၏။ တ​ရား​စ​ကား​ကြောင့် ဆင်း​ရဲ​ဒုက္ခ သို့​မ​ဟုတ် ညှဉ်း​ဆဲ​ခြင်း​ရောက်​လာ​သော​အ​ခါ ချက်​ချင်း​စိတ်​ပျက်​သွား​လေ​၏။

22. ဆူး​ပင်​တို့​တွင် ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​သော်​လည်း လော​ကီ​ရေး​ရာ​၌​စိုး​ရိမ်​ပူ​ပန်​ခြင်း​နှင့် စည်း​စိမ်​၏​လှည့်​ဖြား​ခြင်း​တို့​က တ​ရား​စ​ကား​ကို ကာ​ဆီး​ပိတ်​ဆို့​သ​ဖြင့် အ​သီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။

23. ကောင်း​သော​မြေ​ပေါ်​၌ ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​၍ နား​လည်​သော​သူ​ကို​ဆို​လို​၏။ ထို​သို့​သော​သူ​သည် အ​မှန်​ပင် အ​သီး​သီး​၍ အ​ချို့​သည် အ​ဆ​တစ်​ရာ၊ အ​ချို့​သည် အ​ဆ​ခြောက်​ဆယ်၊ အ​ချို့​သည် အ​ဆ​သုံး​ဆယ် သီး​လေ​၏”​ဟု မိန့်​တော်​မူ​၏။

24. ကိုယ်​တော်​သည် အ​ခြား​သော​ပုံ​ဥ​ပ​မာ​ကို​ပေး​၍ သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​မျိုး​စေ့​ကို မိ​မိ​စိုက်​ခင်း​၌ ကြဲ​သော​သူ​နှင့်​တူ​၏။

25. သို့​သော် လူ​တို့​အိပ်​ပျော်​နေ​ကြ​စဉ် သူ​၏​ရန်​သူ​သည်​လာ​၍ ဂျုံ​မျိုး​စေ့​ကြား​တွင် မြက်​သီး​မျိုး​စေ့​များ​ကို​ကြဲ​ပြီး ထွက်​သွား​လေ​၏။

26. အ​ပင်​ပေါက်​၍ အ​နှံ​ထွက်​လာ​သော​အ​ခါ မြက်​သီး​ပင်​များ​လည်း ထင်​ရှား​လာ​ကြ​၏။

27. ထို​အ​ခါ စိုက်​ခင်း​ပိုင်​ရှင်​၏​အ​စေ​အ​ပါး​တို့​သည်​လာ​၍ ‘သ​ခင်၊ သ​ခင်​၏​စိုက်​ခင်း​၌ ကောင်း​သော​မျိုး​စေ့​ကို ကြဲ​ခဲ့​သည်​မ​ဟုတ်​လော။ သို့​ဖြစ်​လျှင် မြက်​သီး​ပင်​များ​သည် အ​ဘယ်​က​ပေါက်​လာ​သ​နည်း’​ဟု မေး​မြန်း​ကြ​၏။

28. စိုက်​ခင်း​ပိုင်​ရှင်​က​လည်း ‘ဤ​သည်​ကား ရန်​သူ​၏​လုပ်​ရပ်​ဖြစ်​၏’​ဟု ဆို​၏။ ထို​အ​ခါ အ​စေ​အ​ပါး​တို့​က ‘ထို​သို့​ဆို​လျှင် အ​ကျွန်ုပ်​တို့​သွား​၍ မြက်​သီး​ပင်​တို့​ကို နုတ်​ယူ​ရ​မည်​လော’​ဟု မေး​လျှောက်​ကြ​၏။

29. သို့​သော် စိုက်​ခင်း​ပိုင်​ရှင်​က ‘ထို​သို့​မ​ပြု​နှင့်။ မြက်​သီး​ပင်​များ​ကို​နုတ်​ယူ​စဉ် ဂျုံ​ပင်​ကို​ရော​နှော​၍ အ​မြစ်​ပါ​မ​ကျန်​ဆွဲ​နုတ်​မိ​မည်​ကို စိုး​ရိမ်​ရ​၏။

30. ရိတ်​သိမ်း​ချိန်​တိုင်​အောင် နှစ်​မျိုး​စ​လုံး​အ​တူ ကြီး​ထွား​ကြ​ပါ​စေ။ ရိတ်​သိမ်း​ချိန်​၌ ရိတ်​သိမ်း​သော​သူ​တို့​အား ‘မြက်​သီး​ပင်​များ​ကို ဦး​စွာ​နုတ်​ယူ​၍ ၎င်း​တို့​ကို​မီး​ရှို့​ရန် အ​စည်း​လိုက်​ချည်​ထား​ကြ​လော့။ ဂျုံ​ဆန်​ကို​မူ​ကား ငါ​၏​ကျီ​ထဲ​၌ စု​သိမ်း​ထား​ကြ​လော့’​ဟု ငါ​ပြော​မည်​ဟု ဆို​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 13