ရှင်​မဿဲ​ခ​ရစ်​ဝင် 12:8-21 Myanmar Standard Bible (MSB)

8. အ​ကြောင်း​မူ​ကား လူ့​သား​သည် ဥ​ပုသ်​နေ့​၏​အ​ရှင်​သ​ခင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

9. ထို့​နောက် ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​တော်​မူ​၏။

10. ထို​နေ​ရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၍ သူ​တို့​သည် ကိုယ်​တော်​ကို​စွပ်​စွဲ​နိုင်​ရန်​အ​တွက် “ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော”​ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

11. ကိုယ်​တော်​က​လည်း “သင်​တို့​ထဲ​မှ​တစ်​စုံ​တစ်​ဦး​တွင် သိုး​တစ်​ကောင်​ရှိ​၍ ထို​သိုး​သည် ဥ​ပုသ်​နေ့​၌ တွင်း​ထဲ​သို့​ကျ​ခဲ့​လျှင် သူ​သည် ၎င်း​ကို​မ​ဆွဲ​တင်​ဘဲ​နေ​မည်​လော။

12. လူ​သည် သိုး​ထက် များ​စွာ​အ​ဖိုး​ထိုက်​၏။ ထို့​ကြောင့် ဥ​ပုသ်​နေ့​၌ ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​၏”​ဟု မိန့်​တော်​မူ​၏။

13. ထို့​နောက် လက်​တစ်​ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ အ​ခြား​တစ်​ဖက်​ကဲ့​သို့ အ​ကောင်း​ပ​က​တိ​ဖြစ်​လျက် သန်​စွမ်း​လေ​၏။

14. ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​သွား​၍ ကိုယ်​တော်​ကို​လုပ်​ကြံ​နိုင်​မည့်​အ​ကြောင်း တိုင်​ပင်​ဆွေး​နွေး​ကြ​၏။

15. ယေ​ရှု​သည် ဤ​အ​ကြောင်း​ကို​သိ​၍ ထို​အ​ရပ်​မှ ထွက်​ခွာ​သွား​တော်​မူ​ရာ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သ​ဖြင့် သူ​တို့​အား​လုံး​ကို ကျန်း​မာ​စေ​တော်​မူ​ပြီး​လျှင်

16. မိ​မိ​အ​ကြောင်း​ကို သိ​သာ​ထင်​ရှား​အောင်​မ​ပြု​ရန် သူ​တို့​ကို​သ​တိ​ပေး​တော်​မူ​၏။

17. ဤ​သည်​ကား ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။ မိန့်​တော်​မူ​ချက်​မှာ

18. “ကြည့်​ရှု​လော့။ ဤ​သူ​ကား ငါ​ရွေး​ကောက်​သော ငါ​၏​အ​မှု​ဆောင်၊ ငါ​၏​စိတ်​ဝိ​ညာဉ်​နှစ်​သက်​သည့် ငါ​ချစ်​သော​သူ​ပေ​တည်း။ ငါ​သည် သူ့​အ​ပေါ်​၌ ငါ​၏​ဝိ​ညာဉ်​ကို​တည်​စေ​သ​ဖြင့် သူ​သည် လူ​မျိုး​တ​ကာ​တို့​အား တ​ရား​မျှ​တ​မှု​ကို ကြေ​ညာ​လိမ့်​မည်။

19. သူ​သည် ငြင်း​ခုံ​ခြင်း​နှင့်​အော်​ဟစ်​ခြင်း​ကို​ပြု​မည်​မ​ဟုတ်။ သူ​၏​အ​သံ​ကို​လည်း လမ်း​မ​ပေါ်​၌ မည်​သူ​မျှ ကြား​ရ​မည်​မ​ဟုတ်။

20. တ​ရား​မျှ​တ​မှု​ကို အောင်​မြင်​ခြင်း​သို့​ပို့​ဆောင်​သည်​အ​ထိ သူ​သည် ကြေ​နေ​သော​ကျူ​ပင်​ကို​ချိုး​မည်​မ​ဟုတ်။ တ​ငွေ့​ငွေ့​လောင်​နေ​သော​မီး​စာ​ကို​လည်း ငြိမ်း​သတ်​မည်​မ​ဟုတ်။

21. လူ​မျိုး​ခြား​တို့​သည် သူ​၏​နာ​မ​၌ မျှော်​လင့်​အား​ထား​ကြ​လိမ့်​မည်”​ဟူ​၍ ဖြစ်​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 12