ရှင်​မဿဲ​ခ​ရစ်​ဝင် 12:45-50 Myanmar Standard Bible (MSB)

45. ထို​အ​ခါ ၎င်း​သည်​သွား​၍ မိ​မိ​ထက်​ဆိုး​သော​နတ်​ခု​နစ်​ကောင်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်​ဆောင်​လာ​ပြီး ထို​နေ​ရာ​၌ ဝင်​ရောက်​နေ​ထိုင်​သ​ဖြင့် ထို​လူ​၏​နောက်​ဖြစ်​အင်​သည် ရှေ့​ဖြစ်​အင်​ထက် ဆိုး​ရွား​လေ​၏။ ဆိုး​ညစ်​သော​ဤ​မျိုး​ဆက်​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

46. ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​အား မြွက်​ဆို​တော်​မူ​စဉ် ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်​တော်​နှင့်​စ​ကား​ပြော​လို​၍ အ​ပြင်​၌ ရပ်​နေ​ကြ​၏။

47. ထို​အ​ခါ လူ​တစ်​ဦး​က “ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်​တော်​နှင့်​စ​ကား​ပြော​လို​၍ အ​ပြင်​၌ ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

48. ကိုယ်​တော်​က​လည်း “မည်​သူ​သည် ငါ့​အ​မိ​ဖြစ်​ပြီး မည်​သူ​တို့​သည် ငါ့​ညီ​များ​ဖြစ်​ကြ​သ​နည်း”​ဟု မိ​မိ​ထံ​လျှောက်​ထား​သော​သူ​ကို ပြန်​၍​မိန့်​တော်​မူ​၏။

49. ထို့​နောက် တ​ပည့်​တော်​များ​ဘက်​သို့ လက်​တော်​ကို​ညွှန်​လျက် “ကြည့်​ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အ​မိ​နှင့်​ငါ့​ညီ​များ​ပေ​တည်း။

50. အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 12