39. ကိုယ်တော်ကလည်း “ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ သူတို့အား ပြလိမ့်မည်မဟုတ်။
40. အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
41. တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက် ကြီးမြတ်သောသူရှိ၏။
42. တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကို နားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက် ကြီးမြတ်သောသူရှိ၏။