ရှင်​မဿဲ​ခ​ရစ်​ဝင် 12:29-33 Myanmar Standard Bible (MSB)

29. ခွန်​အား​ကြီး​သော​သူ​ကို ဦး​စွာ​မ​ချည်​နှောင်​လျှင် သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မည်​သို့​လု​ယူ​နိုင်​မည်​နည်း။ ချည်​နှောင်​ပြီး​မှ​သာ သူ​၏​အိမ်​ကို ဖောက်​ထွင်း​လု​ယူ​နိုင်​လိမ့်​မည်။

30. ငါ့​ဘက်​၌​မ​နေ​သော​သူ​သည် ငါ့​ကို​ဆန့်​ကျင်​သော​သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သော​သူ​သည် တစ်​ကွဲ​တစ်​ပြား​ဖြစ်​စေ​သော​သူ​ဖြစ်​၏။

31. ထို့​ကြောင့် သင်​တို့​အား​ငါ​ဆို​သည်​ကား လူ​တို့​သည် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​ခြင်း​နှင့် အ​ပြစ်​ဟူ​သ​မျှ​တို့​အ​တွက် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း ဝိ​ညာဉ်​တော်​ကို စော်​ကား​ပြော​ဆို​ခြင်း​အ​တွက်​မူ​ကား ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

32. လူ့​သား​အ​ပေါ် ဆန့်​ကျင်​သည့်​စ​ကား​ကို​ပြော​ဆို​သော​သူ​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ဆန့်​ကျင်​ပြော​ဆို​သော​သူ​သည် ယ​ခု​ဘ​ဝ​၌​ဖြစ်​စေ၊ နောင်​ဘ​ဝ​၌​ဖြစ်​စေ ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

33. အ​ပင်​ကို အ​သီး​အား​ဖြင့် သိ​ရ​သည်​ဖြစ်​၍ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု​မှတ်​ယူ​ကြ​လော့။ သို့​မ​ဟုတ် အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု မှတ်​ယူ​ကြ​လော့။

ရှင်​မဿဲ​ခ​ရစ်​ဝင် 12