1. ထိုအချိန်အခါတွင် ယေရှုသည် ဥပုသ်နေ့၌ ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် ဆာလောင်သောကြောင့် ဂျုံနှံများကို ဆွတ်ခူး၍ စားကြ၏။
2. ဖာရိရှဲတို့သည် ထိုအခြင်းအရာကိုမြင်လျှင် “သင်၏တပည့်တို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို ပြုနေကြပါသည်တကား”ဟု ကိုယ်တော်အား လျှောက်ကြ၏။