ရှင်​မဿဲ​ခ​ရစ်​ဝင် 11:9-13 Myanmar Standard Bible (MSB)

9. ထို​သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ပင် ကြီး​မြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။

10. ‘ကြည့်​ရှု​လော့။ သင့်​ရှေ့​၌​သင်​၏​လမ်း​ကို​ပြင်​ဆင်​မည့် ငါ​၏​စေ​တ​မန်​ကို သင့်​ထက်​အ​လျင်​ဦး​စွာ​ငါ​စေ​လွှတ်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အ​ကြောင်း​ပင်​ဖြစ်​၏။

11. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ မိန်း​မ​တို့​မှ မွေး​ဖွား​လာ​သော​သူ​တို့​တွင် ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ​တစ်​ယောက်​မျှ မ​ပေါ်​ထွန်း​ခဲ့​ဖူး​ပေ။ သို့​သော် ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​ငယ်​ဆုံး​သော​သူ​သည် သူ့​ထက်​ကြီး​မြတ်​၏။

12. ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​လက်​ထက်​မှ ယ​ခု​တိုင်​အောင် ကောင်း​ကင်​နိုင်​ငံ​တော်​သည် အ​တင်း​တိုး​ဝင်​ခြင်း​ကို​ခံ​ရ​လျက် အ​တင်း​တိုး​ဝင်​သော​သူ​တို့​သည် ၎င်း​ကို​လု​ယူ​ဝင်​စား​ကြ​၏။

13. အ​ကြောင်း​မူ​ကား ပ​ရော​ဖက်​ကျမ်း​များ​နှင့်​ပ​ညတ်​တ​ရား​ကျမ်း​ရှိ​သ​မျှ​တို့​သည် ယော​ဟန်​လက်​ထက်​တိုင်​အောင် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခဲ့​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 11