ရှင်​မဿဲ​ခ​ရစ်​ဝင် 11:2-9 Myanmar Standard Bible (MSB)

2. ယော​ဟန်​သည် ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​မှု​များ​ကို ထောင်​ခန်း​ထဲ​၌​ကြား​ရ​သော​အ​ခါ မိ​မိ​တ​ပည့်​တို့​ကို​စေ​လွှတ်​၍

3. “ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို စောင့်​မျှော်​ရ​ပါ​မည်​လော”​ဟု မေး​လျှောက်​စေ​၏။

4. ယေ​ရှု​က​လည်း ထို​သူ​တို့​အား “သင်​တို့​ကြား​ရ၊ မြင်​ရ​သ​မျှ​တို့​ကို သွား​၍ ယော​ဟန်​အား ပြော​ပြ​ကြ​လော့။

5. မျက်​မ​မြင်​တို့​သည် မျက်​စိ​မြင်​ကြ​ရ​၏။ ခြေ​မ​သန်​စွမ်း​သူ​တို့​သည် လမ်း​လျှောက်​ကြ​ရ​၏။ အ​နာ​ကြီး​ရော​ဂါ​သည်​တို့​သည် စင်​ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နား​မ​ကြား​သော​သူ​တို့​သည် ကြား​ကြ​ရ​၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်း​ရဲ​သား​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​ကို ကြား​ကြ​ရ​၏။

6. ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

7. ထို​သူ​တို့​ပြန်​သွား​ကြ​သော​အ​ခါ ယေ​ရှု​သည် လူ​ထု​ပ​ရိ​သတ်​တို့​အား ယော​ဟန်​နှင့်​ပတ်​သက်​၍ မြွက်​ဆို​တော်​မူ​သည်​မှာ “သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် တော​ကန္တာ​ရ​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​နေ​သော​ကျူ​ပင်​ကို​လော။

8. သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ နူး​ညံ့​သော​အ​ဝတ်​များ​ဝတ်​ဆင်​ထား​သော​သူ​ကို​လော။ နူး​ညံ့​သော​အ​ဝတ်​များ​ဝတ်​ဆင်​ထား​သော​သူ​တို့​သည် ဘု​ရင့်​နန်း​တော်​များ​၌​ရှိ​ကြ​၏။

9. ထို​သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ပင် ကြီး​မြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 11