ရှင်​မဿဲ​ခ​ရစ်​ဝင် 11:19-22 Myanmar Standard Bible (MSB)

19. လူ့​သား​သည် ရောက်​လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်​ရှု​လော့။ သူ​သည် အ​စား​ကြူး​သော​သူ၊ သေ​သောက်​ကြူး​သော​သူ​ဖြစ်​ပြီး အ​ခွန်​ကောက်​ခံ​သူ​များ​နှင့် အ​ပြစ်​သား​တို့​၏​အ​ပေါင်း​အ​သင်း​ဖြစ်​ပါ​သည်​တ​ကား’​ဟု ဆို​ကြ​ပြန်​၏။ သို့​သော် ဉာဏ်​ပ​ညာ​သည် ဖြောင့်​မတ်​ကြောင်း မိ​မိ​၏​လုပ်​ဆောင်​မှု​များ​က ဖော်​ပြ​၏”​ဟု မိန့်​တော်​မူ​၏။

20. ထို့​နောက် တန်​ခိုး​လက္ခ​ဏာ​အ​များ​စု​ပြု​တော်​မူ​ရာ​မြို့​များ​သည် နောင်​တ​မ​ရ​သော​ကြောင့် ကိုယ်​တော်​သည် ထို​မြို့​တို့​ကို​ပြစ်​တင်​ပြော​ဆို​လျက်

21. “ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​၌​ပြု​ခဲ့​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေး​ယ​ခင်​က​ပင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​လျက် ပြာ​နှင့်​လူး​ကာ နောင်​တ​ရ​ခဲ့​ကြ​ပေ​လိမ့်​မည်။

22. သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံ​သာ​ကြ​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 11