ရှင်​မဿဲ​ခ​ရစ်​ဝင် 11:14-23 Myanmar Standard Bible (MSB)

14. သင်​တို့​သည် လက်​ခံ​ရန် ဆန္ဒ​ရှိ​လျှင် ဤ​သူ​သည် ပေါ်​ထွန်း​လာ​ရ​မည့် ဧ​လိ​ယ​ဖြစ်​၏။

15. နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

16. သို့​သော် ဤ​ခေတ်​ကာ​လ​ကို မည်​သည့်​အ​ရာ​နှင့် ခိုင်း​နှိုင်း​ရ​မည်​နည်း။ ၎င်း​တို့​သည် ဈေး​အ​ရပ်​၌​ထိုင်​လျက် မိ​မိ​သူ​ငယ်​ချင်း​တို့​အား

17. ‘ငါ​တို့​သည် သင်​တို့​အ​တွက် ပ​လွေ​မှုတ်​ပေး​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ငို​ချင်း​ကို​ဖွဲ့​နွဲ့​သီ​ဆို​သော်​လည်း သင်​တို့​သည် မ​မြည်​တမ်း​ကြ’​ဟု လှမ်း​၍​ပြော​ဆို​နေ​ကြ​သော က​လေး​သူ​ငယ်​များ​နှင့်​တူ​၏။

18. အ​ကြောင်း​မူ​ကား ယော​ဟန်​သည်​ရောက်​လာ​၍ မ​စား​မ​သောက်​ဘဲ​နေ​သော် ‘သူ​၌​နတ်​ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။

19. လူ့​သား​သည် ရောက်​လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်​ရှု​လော့။ သူ​သည် အ​စား​ကြူး​သော​သူ၊ သေ​သောက်​ကြူး​သော​သူ​ဖြစ်​ပြီး အ​ခွန်​ကောက်​ခံ​သူ​များ​နှင့် အ​ပြစ်​သား​တို့​၏​အ​ပေါင်း​အ​သင်း​ဖြစ်​ပါ​သည်​တ​ကား’​ဟု ဆို​ကြ​ပြန်​၏။ သို့​သော် ဉာဏ်​ပ​ညာ​သည် ဖြောင့်​မတ်​ကြောင်း မိ​မိ​၏​လုပ်​ဆောင်​မှု​များ​က ဖော်​ပြ​၏”​ဟု မိန့်​တော်​မူ​၏။

20. ထို့​နောက် တန်​ခိုး​လက္ခ​ဏာ​အ​များ​စု​ပြု​တော်​မူ​ရာ​မြို့​များ​သည် နောင်​တ​မ​ရ​သော​ကြောင့် ကိုယ်​တော်​သည် ထို​မြို့​တို့​ကို​ပြစ်​တင်​ပြော​ဆို​လျက်

21. “ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​၌​ပြု​ခဲ့​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေး​ယ​ခင်​က​ပင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​လျက် ပြာ​နှင့်​လူး​ကာ နောင်​တ​ရ​ခဲ့​ကြ​ပေ​လိမ့်​မည်။

22. သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံ​သာ​ကြ​လိမ့်​မည်။

23. က​ပေ​ရ​နောင်​မြို့၊ သင်​သည် ကောင်း​ကင်​အ​ထိ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​ပါ​မည်​လော။ သင်​သည် မ​ရ​ဏာ​နိုင်​ငံ​တိုင်​အောင် ကျ​ဆင်း​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သင်​၌​ပြု​ခဲ့​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို သော​ဒုံ​မြို့​၌ ပြု​ခဲ့​လျှင် ထို​မြို့​သည် ယ​နေ့​တိုင်​အောင် တည်​ရှိ​ခဲ့​ပေ​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 11