13. အကြောင်းမူကား ပရောဖက်ကျမ်းများနှင့်ပညတ်တရားကျမ်းရှိသမျှတို့သည် ယောဟန်လက်ထက်တိုင်အောင် ပရောဖက်ပြုဟောပြောခဲ့ကြ၏။
14. သင်တို့သည် လက်ခံရန် ဆန္ဒရှိလျှင် ဤသူသည် ပေါ်ထွန်းလာရမည့် ဧလိယဖြစ်၏။
15. နားရှိသောသူသည် ကြားပါစေ။
16. သို့သော် ဤခေတ်ကာလကို မည်သည့်အရာနှင့် ခိုင်းနှိုင်းရမည်နည်း။ ၎င်းတို့သည် ဈေးအရပ်၌ထိုင်လျက် မိမိသူငယ်ချင်းတို့အား
17. ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည် မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည် မမြည်တမ်းကြ’ဟု လှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူ၏။