ရှင်​မဿဲ​ခ​ရစ်​ဝင် 10:28-30 Myanmar Standard Bible (MSB)

28. ကိုယ်​ခန္ဓာ​ကို​သတ်​၍ အ​သက်​ဝိ​ညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခန္ဓာ​နှင့်​အ​သက်​ဝိ​ညာဉ်​နှစ်​မျိုး​စ​လုံး​ကို င​ရဲ​၌​ဖျက်​ဆီး​နိုင်​သော​အ​ရှင်​ကို​သာ ကြောက်​ကြ​လော့။

29. စာ​က​လေး​နှစ်​ကောင်​ကို အဿ​ရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် သင်​တို့​အ​ဖ​၏​အ​ခွင့်​မ​ရှိ​လျှင် ထို​စာ​က​လေး​တစ်​ကောင်​မျှ မြေ​ပေါ်​သို့​ကျ​လိမ့်​မည်​မ​ဟုတ်။

30. သင်​တို့​ဦး​ခေါင်း​မှ ဆံ​ပင်​ရှိ​သ​မျှ​ကို​ပင် ရေ​တွက်​ထား​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 10