23. “ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသည့်အရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ (ဧမာနွေလ၏အဓိပ္ပာယ်မှာ ‘ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်’ဟူ၍ ဖြစ်၏။)
24. ယောသပ်သည် အိပ်ပျော်ရာမှ နိုးလာသောအခါ သူ့အား ထာဝရဘုရား၏ကောင်းကင်တမန်မိန့်မှာသည့်အတိုင်းပြု၍ မာရိကို မိမိ၏ဇနီးအဖြစ်ယူလေ၏။
25. သို့သော် သားယောက်ျားမမွေးဖွားမီတိုင်အောင် မာရိနှင့်မဆက်ဆံဘဲနေ၏။ ထိုသား၏အမည်ကိုလည်း ယေရှုဟုမှည့်ခေါ်လေ၏။