ရှင်​မဿဲ​ခ​ရစ်​ဝင် 1:12-18 Myanmar Standard Bible (MSB)

12. ဘေ​ဘီ​လုံ​သို့ ရွှေ့​ပြောင်း​ခြင်း​ခံ​ရ​ပြီး​နောက် ယေ​ခေါ​နိ​သည် သား​ရှာ​လ​သေ​လ​ကို​ရ​၏။ ရှာ​လ​သေ​လ​သည် သား​ဇေ​ရု​ဗ​ဗေ​လ​ကို​ရ​၏။

13. ဇေ​ရု​ဗ​ဗေ​လ​သည် သား​အ​ဗျုဒ်​ကို​ရ​၏။ အ​ဗျုဒ်​သည် သား​ဧ​လျာ​ကိမ်​ကို​ရ​၏။ ဧ​လျာ​ကိမ်​သည် သား​အာ​ဇော်​ကို​ရ​၏။

14. အာ​ဇော်​သည် သား​ဇာ​ဒုတ်​ကို​ရ​၏။ ဇာ​ဒုတ်​သည် သား​အာ​ခိမ်​ကို​ရ​၏။ အာ​ခိမ်​သည် သား​ဧ​လုဒ်​ကို​ရ​၏။

15. ဧ​လုဒ်​သည် သား​ဧ​လာ​ဇာ​ကို​ရ​၏။ ဧ​လာ​ဇာ​သည် သား​မဿန်​ကို​ရ​၏။ မဿန်​သည် သား​ယာ​ကုပ်​ကို​ရ​၏။

16. ယာ​ကုပ်​သည် မာ​ရိ​၏​ခင်​ပွန်း​ဖြစ်​သူ သား​ယော​သပ်​ကို​ရ​၍ ခ​ရစ်​တော်​ဟု​ခေါ်​သော​ယေ​ရှု​သည် ထို​မာ​ရိ​မှ​မွေး​ဖွား​တော်​မူ​၏။

17. သို့​ဖြစ်​၍ ဆွေ​မျိုး​အ​စဉ်​အ​ဆက်​စု​စု​ပေါင်း​ကား အာ​ဗြ​ဟံ​မှ ဒါ​ဝိဒ်​အ​ထိ တစ်​ဆယ့်​လေး​ဆက်၊ ဒါ​ဝိဒ်​မှ ဘေ​ဘီ​လုံ​သို့​ရွှေ့​ပြောင်း​ခြင်း​ခံ​ရ​သည့်​အ​ချိန်​အ​ထိ တစ်​ဆယ့်​လေး​ဆက်၊ ဘေ​ဘီ​လုံ​သို့​ရွှေ့​ပြောင်း​ခြင်း​ခံ​ရ​သည့်​အ​ချိန်​မှ ခ​ရစ်​တော်​အ​ထိ တစ်​ဆယ့်​လေး​ဆက်​ဖြစ်​၏။

18. ယေ​ရှု​ခ​ရစ်​တော်​၏​ဖွား​မြင်​တော်​မူ​ခြင်း​မှာ ဤ​သို့​ဖြစ်​၏။ ကိုယ်​တော်​၏​မယ်​တော်​မာ​ရိ​သည် ယော​သပ်​နှင့်​စေ့​စပ်​ထား​၍ ပေါင်း​ဖက်​နေ​ထိုင်​ခြင်း​မ​ပြု​မီ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် သန္ဓေ​တည်​သည်​ကို တွေ့​ရ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 1