ရှင်​မာ​ကု​ခ​ရစ်​ဝင် 9:21-23 Myanmar Standard Bible (MSB)

21. ကိုယ်​တော်​က သူ​ငယ်​၏​ဖ​ခင်​အား “သူ​၌ ဤ​သို့​ဖြစ်​ခဲ့​သည်​မှာ မည်​မျှ​ကြာ​ပြီ​နည်း”​ဟု မေး​တော်​မူ​ရာ ဖ​ခင်​က “ငယ်​စဉ်​က​တည်း​က​ဖြစ်​ပါ​၏။

22. နတ်​သည် သူ့​ကို​သေ​စေ​ရန် မီး​ထဲ​သို့​လည်း​ကောင်း၊ ရေ​ထဲ​သို့​လည်း​ကောင်း မ​ကြာ​ခ​ဏ​ပစ်​ချ​တတ်​ပါ​၏။ သို့​သော် ကိုယ်​တော်​တစ်​စုံ​တစ်​ခု​တတ်​နိုင်​လျှင် အ​ကျွန်ုပ်​တို့​ကို​သ​နား​၍ ကူ​ညီ​မ​စ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

23. ယေ​ရှု​က​လည်း “တတ်​နိုင်​လျှင်​ဟု​ဆို​ရ​သ​လော။ ယုံ​ကြည်​သော​သူ​အ​တွက် အ​ရာ​ခပ်​သိမ်း​သည် ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 9