ရှင်​မာ​ကု​ခ​ရစ်​ဝင် 8:19-24 Myanmar Standard Bible (MSB)

19. မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​အ​တွက် ငါ​ဖဲ့​ခဲ့​စဉ်​က မုန့်​အ​ကျိုး​အ​ပဲ့​များ​ကို တောင်း​အ​ပြည့်​ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “တစ်​ဆယ့်​နှစ်​တောင်း”​ဟု ပြန်​လျှောက်​ကြ​၏။

20. “မုန့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​အ​တွက် ငါ​ဖဲ့​ခဲ့​စဉ်​က မုန့်​အ​ကျိုး​အ​ပဲ့​များ​ကို တောင်း​အ​ပြည့် ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ခု​နစ်​တောင်း”​ဟု ပြန်​လျှောက်​ကြ​၏။

21. တစ်​ဖန် ကိုယ်​တော်​က “သင်​တို့​နား​မ​လည်​ကြ​သေး​သ​လော”​ဟု မိန့်​တော်​မူ​၏။

22. သူ​တို့​သည် ဗက်​ဇဲ​ဒ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် မျက်​မ​မြင်​တစ်​ဦး​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​၍ သူ့​ကို​တို့​ထိ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း​ပန်​ကြ​၏။

23. ကိုယ်​တော်​သည် မျက်​မ​မြင်​၏​လက်​ကို​ဆွဲ​၍ ရွာ​အ​ပြင်​သို့​ခေါ်​သွား​တော်​မူ​ပြီး​လျှင် သူ​၏​မျက်​စိ​ပေါ်​သို့ တံ​တွေး​ထွေး​ကာ သူ့​အ​ပေါ်​လက်​တော်​တင်​လျက် “တစ်​စုံ​တစ်​ခု​ကို​မြင်​ရ​သ​လော”​ဟု မေး​တော်​မူ​၏။

24. သူ​သည် မော့​ကြည့်​လျက် “လူ​တို့​ကို​မြင်​ရ​ပါ​၏။ သစ်​ပင်​များ​ကဲ့​သို့​ဖြစ်​ကြ​ပြီး လမ်း​လျှောက်​နေ​ကြ​သည်​ကို မြင်​ရ​ပါ​၏”​ဟု လျှောက်​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 8