ရှင်​မာ​ကု​ခ​ရစ်​ဝင် 7:27-30 Myanmar Standard Bible (MSB)

27. ကိုယ်​တော်​က​လည်း “သား​သ​မီး​တို့​ကို​ဦး​စွာ ဝ​လင်​အောင်​ကျွေး​ပါ​ရ​စေ။ သား​သ​မီး​တို့​၏​အ​စာ​ကို​ယူ​၍ ခွေး​က​လေး​တို့​အား​ချ​ပေး​ခြင်း​သည် မ​ကောင်း​မ​သင့်​ပေ”​ဟု မိန့်​တော်​မူ​၏။

28. ထို​အ​မျိုး​သ​မီး​က​မူ “သ​ခင်​ဘု​ရား၊ စား​ပွဲ​အောက်​၌​ရှိ​သော​ခွေး​က​လေး​များ​ပင်​လျှင် သား​သ​မီး​တို့​၏​စား​နုပ်​စား​ပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။

29. ကိုယ်​တော်​က​လည်း “ဤ​စ​ကား​ကြောင့် သင်​ပြန်​လော့။ နတ်​ဆိုး​သည် သင့်​သ​မီး​ထဲ​မှ ထွက်​သွား​လေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

30. ထို​အ​ခါ ထို​အ​မျိုး​သ​မီး​သည် မိ​မိ​အိမ်​သို့​ပြန်​သွား​ရာ သ​မီး​သည် ခု​တင်​ပေါ်​၌​လဲ​လျောင်း​နေ​၍ နတ်​ဆိုး​သည် ထွက်​သွား​ပြီ​ဖြစ်​ကြောင်း တွေ့​ရ​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 7