ရှင်​မာ​ကု​ခ​ရစ်​ဝင် 7:14-23 Myanmar Standard Bible (MSB)

14. ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​ကို နောက်​တစ်​ဖန်​ခေါ်​ပြီး​လျှင် “သင်​တို့​အား​လုံး ငါ့​စ​ကား​ကို​နား​ထောင်​၍ နား​လည်​ကြ​လော့။

15. လူ​၏​ပြင်​ပ​မှ လူ့​အ​ထဲ​သို့​ဝင်​၍ လူ​ကို​ညစ်​ညူး​စေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ လူ့​အ​တွင်း​မှ​ထွက်​လာ​သော​အ​ရာ​များ​က​သာ လူ​ကို​ညစ်​ညူး​စေ​ကြ​၏။

16. ကြား​စ​ရာ​နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

17. ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​ထံ​မှ​ထွက်​ခွာ​၍ အိမ်​ထဲ​သို့​ဝင်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ထို​ပုံ​ဥ​ပ​မာ​အ​ကြောင်း​ကို ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

18. ထို​အ​ခါ ကိုယ်​တော်​က “သင်​တို့​သည်​လည်း ဤ​မျှ​လောက် အ​သိ​တ​ရား​ကင်း​မဲ့​လျက်​နေ​ကြ​သ​လော။ ပြင်​ပ​မှ လူ့​အ​ထဲ​သို့​ဝင်​သ​မျှ​သော​အ​ရာ​သည် လူ​ကို​မ​ညစ်​ညူး​စေ​နိုင်​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။

19. အ​ကြောင်း​မူ​ကား ထို​အ​ရာ​သည် လူ​၏​စိတ်​နှ​လုံး​ထဲ​သို့ ဝင်​သည်​မ​ဟုတ်။ ဝမ်း​ထဲ​သို့​ဝင်​ပြီး​လျှင် ရေ​အိမ်​ထဲ​သို့​ရောက်​သွား​၏”​ဟု မိန့်​တော်​မူ​လျက် အ​စာ​အား​လုံး​စင်​ကြယ်​ကြောင်း​ဖော်​ပြ​တော်​မူ​၏။

20. တစ်​ဖန် ကိုယ်​တော်​က “လူ့​အ​ထဲ​မှ​ထွက်​လာ​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​၏။

21. အ​ကြောင်း​မူ​ကား မ​ကောင်း​သော​တွေး​တော​ဆင်​ခြင်​မှု​များ၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း၊ ခိုး​ယူ​ခြင်း၊ လူ​သတ်​ခြင်း၊

22. အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ ဆိုး​ညစ်​ခြင်း၊ စဉ်း​လဲ​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ မ​နာ​လို​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တို့​သည် လူ​၏​အ​တွင်း သူ​၏​စိတ်​နှ​လုံး​ထဲ​မှ ထွက်​လာ​ကြ​၏။

23. ဤ​ဆိုး​ညစ်​သော​အ​ရာ​အား​လုံး​တို့​သည် အ​တွင်း​မှ​ထွက်​လာ​၍ လူ​ကို​ညစ်​ညူး​စေ​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 7