1. ထိုအခါ၌ ဖာရိရှဲတို့နှင့် ဂျေရုဆလင်မြို့မှလာသော ကျမ်းပြုဆရာအချို့တို့သည် ကိုယ်တော်ထံသို့စုဝေးကြ၍
2. တပည့်တော်အချို့တို့သည် မစင်ကြယ်သောလက်၊ တစ်နည်းဆိုသော် မဆေးထားသောလက်ဖြင့် အစာစားနေကြသည်ကို တွေ့မြင်ကြ၏။
3. (ဖာရိရှဲတို့မှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံး၍ လက်ကို ကျင့်ထုံးအတိုင်းမဆေးဘဲ အစာစားလေ့မရှိကြ။
4. ဈေးအရပ်မှ ပြန်လာသောအခါတွင်လည်း မိမိတို့ကိုယ်ကိုမဆေးကြောဘဲ အစာစားလေ့မရှိကြ။ ထို့ပြင် အိုး၊ ခွက်၊ ကြေးပန်းကန်နှင့် ခုတင်တို့ကို ဆေးကြောခြင်းနှင့်ပတ်သက်၍ သူတို့ခံယူကျင့်သုံးရန် ဆက်ခံထားသော အခြားဓလေ့ထုံးတမ်းများစွာရှိကြ၏။)
5. ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “သင်၏တပည့်တို့သည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းနှင့်အညီမလိုက်လျှောက်ဘဲ မစင်ကြယ်သောလက်ဖြင့် အစာစားကြသနည်း”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
6. ကိုယ်တော်ကလည်း “ဟေရှာယသည် သူတော်ကောင်းယောင်ဆောင်သောသူများဖြစ်ကြသော သင်တို့နှင့်ပတ်သက်၍ ပရောဖက်ပြုဟောပြောခဲ့သည်မှာ မှန်လှပေ၏။ ကျမ်းစာ၌ ‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။