1. ထိုအခါ၌ ဖာရိရှဲတို့နှင့် ဂျေရုဆလင်မြို့မှလာသော ကျမ်းပြုဆရာအချို့တို့သည် ကိုယ်တော်ထံသို့စုဝေးကြ၍
2. တပည့်တော်အချို့တို့သည် မစင်ကြယ်သောလက်၊ တစ်နည်းဆိုသော် မဆေးထားသောလက်ဖြင့် အစာစားနေကြသည်ကို တွေ့မြင်ကြ၏။
3. (ဖာရိရှဲတို့မှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံး၍ လက်ကို ကျင့်ထုံးအတိုင်းမဆေးဘဲ အစာစားလေ့မရှိကြ။
4. ဈေးအရပ်မှ ပြန်လာသောအခါတွင်လည်း မိမိတို့ကိုယ်ကိုမဆေးကြောဘဲ အစာစားလေ့မရှိကြ။ ထို့ပြင် အိုး၊ ခွက်၊ ကြေးပန်းကန်နှင့် ခုတင်တို့ကို ဆေးကြောခြင်းနှင့်ပတ်သက်၍ သူတို့ခံယူကျင့်သုံးရန် ဆက်ခံထားသော အခြားဓလေ့ထုံးတမ်းများစွာရှိကြ၏။)