ရှင်​မာ​ကု​ခ​ရစ်​ဝင် 6:20-34 Myanmar Standard Bible (MSB)

20. အ​ကြောင်း​မူ​ကား ယော​ဟန်​သည် ဖြောင့်​မတ်​သန့်​ရှင်း​သူ​ဖြစ်​ကြောင်း ဟေ​ရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်​ရွံ့​ရို​သေ​လျက် စောင့်​ရှောက်​ထား​သည့်​အ​ပြင် ယော​ဟန်​၏​စ​ကား​ကို​ကြား​ရ​သည့်​အ​ခါ အ​လွန်​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​တတ်​သော်​လည်း ဝမ်း​မြောက်​စွာ​နား​ထောင်​လေ့​ရှိ​သော​ကြောင့်​ဖြစ်​၏။

21. သို့​သော် အ​ခွင့်​ကောင်း​ရောက်​လာ​လေ​၏။ ဟေ​ရုဒ်​သည် မိ​မိ​၏​မွေး​နေ့​၌ မှူး​ကြီး​မတ်​ရာ​များ၊ တပ်​မှူး​ကြီး​များ​နှင့် ဂါ​လိ​လဲ​နယ်​၏​ခေါင်း​ဆောင်​များ​အ​တွက် ည​စာ​စား​ပွဲ​ကျင်း​ပ​သော​အ​ခါ

22. ဟေ​ရော​ဒိ​၏​သ​မီး​သည် ထို​စား​ပွဲ​သို့​ဝင်​လာ​၍ က​ပြ​လျက် ဟေ​ရုဒ်​မှ​စ​၍ သူ​နှင့်​အ​တူ​စား​သောက်​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​ကို နှစ်​သက်​စေ​၏။ ဟေ​ရုဒ်​က “လို​ချင်​သ​မျှ​သော​အ​ရာ​ကို​တောင်း​လော့။ သင့်​ကို ငါ​ပေး​မည်”​ဟု မိန်း​က​လေး​အား​ဆို​ပြီး​မှ

23. တစ်​ဖန် “ငါ့​ကို​သင်​တောင်း​သ​မျှ ငါ့​နိုင်​ငံ​တစ်​ဝက်​တိုင်​အောင် သင့်​အား ငါ​ပေး​မည်”​ဟု တိုင်​တည်​ပြော​ဆို​လေ​၏။

24. ထို​အ​ခါ မိန်း​က​လေး​သည်​ထွက်​သွား​၍ “မည်​သည့်​အ​ရာ​ကို တောင်း​ရ​ပါ​မည်​နည်း”​ဟု မိ​မိ​၏​မိ​ခင်​အား​မေး​လေ​ရာ မိ​ခင်​က “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း”​ဟု ဆို​၏။

25. သူ​သည်​လည်း ချက်​ချင်း​ပင် မင်း​ကြီး​ထံ​အ​လျင်​အ​မြန်​ဝင်​၍ “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တင်​၍ ယ​ခု​ပင် ကျွန်​မ​အား​ပေး​စေ​လို​ပါ​သည်”​ဟု တောင်း​လျှောက်​လေ​၏။

26. မင်း​ကြီး​သည် အ​လွန်​စိတ်​မ​ကောင်း​ဖြစ်​သော်​လည်း ပြု​ထား​သော​က​တိ​သစ္စာ​ကို​လည်း​ကောင်း၊ စား​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်​၍ သူ့​ကို မ​ငြင်း​ဆန်​လို​သ​ဖြင့်

27. အာ​ဏာ​ပါး​ကွက်​သား​တစ်​ဦး​ကို ချက်​ချင်း​စေ​လွှတ်​ကာ ယော​ဟန်​၏​ဦး​ခေါင်း​ကို​ယူ​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​လေ​၏။ ထို​သူ​သည်​လည်း​သွား​၍ ယော​ဟန်​၏​ဦး​ခေါင်း​ကို ထောင်​ထဲ​၌ ဖြတ်​ပြီး​လျှင်

28. ထို​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တင်​၍ ယူ​လာ​ကာ မိန်း​က​လေး​အား​ပေး​လေ​၏။ မိန်း​က​လေး​သည်​လည်း ၎င်း​ကို မိ​မိ​၏​မိ​ခင်​အား​ပေး​လေ​၏။

29. ယော​ဟန်​၏​တ​ပည့်​တို့​သည် ထို​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ လာ​၍ သူ​၏​အ​လောင်း​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် ဂူ​သွင်း​သင်္ဂြိုဟ်​ကြ​၏။

30. တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ ပြန်​လည်​စု​ဝေး​လာ​ကြ​၍ သူ​တို့​ပြု​ခဲ့​သ​မျှ​နှင့် သွန်​သင်​ခဲ့​သ​မျှ​တို့​ကို ကိုယ်​တော်​အား​ကြား​လျှောက်​ကြ​၏။

31. ကိုယ်​တော်​က​လည်း “သင်​တို့​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ သင်​တို့​ချည်း​သာ​လာ​၍ ခေတ္တ​အ​နား​ယူ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​ခြင်း​မှာ ဝင်​ထွက်​သူ​များ​သ​ဖြင့် သူ​တို့​သည် အ​စာ​စား​ရန်​ပင် အ​ချိန်​မ​ရ​ကြ​သော​ကြောင့်​ဖြစ်​၏။

32. ထို့​ကြောင့် သူ​တို့​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ သူ​တို့​ချည်း​သာ လှေ​ဖြင့်​ထွက်​သွား​ကြ​၏။

33. သို့​သော် လူ​များ​စွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိ​မြင်​သ​ဖြင့် မြို့​ရွာ​အ​ပေါင်း​တို့​မှ ထို​အ​ရပ်​သို့ ကုန်း​ကြောင်း​ဖြင့်​ပြေး​သွား​ကာ သူ​တို့​ထက်​အ​လျင်​ဦး​စွာ ရောက်​နှင့်​ကြ​လေ​၏။

34. ကိုယ်​တော်​သည်​လှေ​ပေါ်​မှ​ဆင်း​သော​အ​ခါ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့​သို့​ဖြစ်​ကြ​သော​ကြောင့် သူ​တို့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၍ များ​စွာ​သော​အ​ရာ​တို့​ကို​သွန်​သင်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 6