35. ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်မှ လူတို့သည် ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို အဘယ်ကြောင့် ဆက်၍နှောင့်ယှက်နေဦးမည်နည်း”ဟု ပြောကြ၏။
36. သို့သော် ယေရှုသည် ထိုစကားကိုဂရုမပြုဘဲ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား “မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့”ဟု မိန့်တော်မူ၏။
37. ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူလိုက်ခွင့်ပြုတော်မမူ။
38. ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်သို့ သူတို့ရောက်ကြသောအခါ လူတို့သည် ရုတ်ရုတ်သဲသဲဖြစ်လျက် ကျယ်လောင်စွာငိုကြွေးမြည်တမ်းနေကြသည်ကို ကိုယ်တော်မြင်တော်မူလျှင်
39. အထဲသို့ဝင်၍ “အဘယ်ကြောင့်ရုတ်ရုတ်သဲသဲဖြစ်လျက် ငိုကြွေးနေကြသနည်း။ သူငယ်မသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု သူတို့အားမိန့်တော်မူ၏။
40. ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။ သို့သော် ကိုယ်တော်သည် ထိုသူအပေါင်းတို့ကို အပြင်သို့ထွက်စေပြီးလျှင် သူငယ်မ၏မိခင်နှင့်ဖခင်တို့အပြင် မိမိနှင့်အတူပါလာသောသူတို့ကိုသာခေါ်၍ သူငယ်မရှိရာသို့ဝင်တော်မူ၏။
41. ထို့နောက် သူငယ်မ၏လက်ကိုကိုင်လျက် “တလိသကုမိ”ဟု မိန့်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ “မိန်းကလေး၊ သင့်အားငါဆိုမည်။ ထလော့”ဟူ၍ ဖြစ်၏။
42. ထိုခဏချင်းတွင် မိန်းကလေးသည်ထ၍ လမ်းလျှောက်လေ၏။ သူသည် အသက်တစ်ဆယ့်နှစ်နှစ်အရွယ်ရှိ၏။ ထိုအခါ လူတို့သည် အလွန်အံ့သြ၍မိန်းမောတွေဝေကြ၏။
43. ကိုယ်တော်ကလည်း မည်သူမျှ ဤအကြောင်းကိုမသိစေရန် သူတို့အား တင်းကျပ်စွာမိန့်မှာတော်မူပြီးလျှင် သူ့အားစားစရာပေးရန် မိန့်တော်မူ၏။