ရှင်​မာ​ကု​ခ​ရစ်​ဝင် 5:3-7 Myanmar Standard Bible (MSB)

3. ထို​သူ​သည် သင်္ချိုင်း​၌​နေ​တတ်​ပြီး မည်​သူ​မျှ သူ့​ကို သံ​ကြိုး​နှင့်​ပင်​ချည်​နှောင်​ထား​၍ မ​ရ​နိုင်​ချေ။

4. အ​ဘယ်​ကြောင့်​ဆို​သော် သူ့​ကို ခြေ​ချင်း​နှင့်​သံ​ကြိုး​တို့​ဖြင့် အ​ကြိမ်​ကြိမ်​ချည်​နှောင်​ခဲ့​ကြ​သော်​လည်း သူ​သည် သံ​ကြိုး​များ​ကို​ဆွဲ​ဖြတ်​ကာ ခြေ​ချင်း​များ​ကို အ​ပိုင်း​ပိုင်း​ကျိုး​ပဲ့​စေ​သော​ကြောင့် မည်​သူ​မျှ သူ့​ကို မ​ထိန်း​ချုပ်​နိုင်​ကြ​ချေ။

5. သူ​သည် သင်္ချိုင်း​၌​လည်း​ကောင်း၊ တောင်​ပေါ်​၌​လည်း​ကောင်း နေ့​ည​မ​ပြတ်​အော်​ဟစ်​လျက် ကျောက်​တုံး​များ​ဖြင့် မိ​မိ​ကိုယ်​ကို​အ​နာ​တ​ရ​ဖြစ်​စေ​၏။

6. သူ​သည် ယေ​ရှု​ကို​အ​ဝေး​မှ​မြင်​လျှင် ပြေး​လာ​၍ ကိုယ်​တော်​ကို​ရှိ​ခိုး​ကာ

7. “အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​မည်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို​မ​ညှဉ်း​ဆဲ​ပါ​ရန် ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​၍ ကိုယ်​တော်​အား အ​ကျွန်ုပ်​အ​လေး​အ​နက်​တောင်း​ပန်​ပါ​၏”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​လျှောက်​ထား​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 5