ရှင်​မာ​ကု​ခ​ရစ်​ဝင် 5:24-27-28 Myanmar Standard Bible (MSB)

24. ထို့​ကြောင့် ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​လိုက်​သွား​တော်​မူ​၏။ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​ပြီး ကိုယ်​တော်​ကို​တိုး​ဝှေ့​မိ​ကြ​၏။

25. ထို​အ​ခါ တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​၍

26. များ​စွာ​သော​ဆေး​ဆ​ရာ​တို့​ထံ​၌ အ​လွန်​ဝေ​ဒ​နာ​ခံ​စား​ရ​လျက် မိ​မိ​၌​ရှိ​သ​မျှ​တို့​ကို အ​ကုန်​သုံး​စွဲ​ခဲ့​သော်​လည်း မည်​သည့်​အ​ကျိုး​မျှ​မ​ရှိ​သည်​သာ​မ​က ရော​ဂါ​ပို​၍​ဆိုး​ရွား​လာ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည်

27-28. ယေ​ရှု​အ​ကြောင်း​ကို​ကြား​၍ “ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​ကို တို့​ထိ​ရ​လျှင်​ပင် ရော​ဂါ​ပျောက်​ကင်း​လိမ့်​မည်”​ဟု ဆို​လျက် လူ​ထု​ပ​ရိ​သတ်​ကြား​မှ ကိုယ်​တော်​၏​နောက်​တော်​သို့​လာ​ပြီး ဝတ်​ရုံ​တော်​ကို​တို့​ထိ​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 5