26. တစ်ဖန် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်သည် မြေပေါ်၌ လူတစ်ဦးမျိုးစေ့ကြဲသည်နှင့်တူ၏။
27. သူသည် ညအချိန်နှင့်နေ့အချိန်၌ အိပ်လျက်ထလျက်နေစဉ် မျိုးစေ့သည် အညှောက်ထွက်၍ ကြီးထွားလာ၏။ ၎င်းသည် မည်ကဲ့သို့ကြီးထွားလာသည်ကို ထိုသူမသိ။
28. မြေကြီးသည် အလိုအလျောက်အသီးသီးစေလျက် ဦးစွာ အပင်၊ ထို့နောက် အနှံ၊ ထိုမှတစ်ဆင့် အနှံထဲတွင် အောင်သောအဆန်ကိုဖြစ်စေ၏။
29. အသီးမှည့်သောအခါ ရိတ်သိမ်းချိန်ရောက်လာသည်ဖြစ်၍ သူသည် ချက်ချင်းတံစဉ်ဖြင့်ရိတ်လေ၏”ဟု မိန့်တော်မူ၏။
30. တစ်ဖန် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။ သို့မဟုတ် မည်သည့်ပုံဥပမာဖြင့် ဖော်ပြရမည်နည်း။
31. ၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ ထိုအစေ့သည် မြေ၌စိုက်သောအခါ မြေကြီးပေါ်ရှိ အစေ့တကာတို့ထက် သေးငယ်၏။