ရှင်​မာ​ကု​ခ​ရစ်​ဝင် 4:1-15 Myanmar Standard Bible (MSB)

1. ကိုယ်​တော်​သည် ပင်​လယ်​ကမ်း​နား​တွင် တစ်​ဖန်​သွန်​သင်​တော်​မူ​ရာ အ​လွန်​များ​ပြား​သော​လူ​ထု​ပ​ရိ​သတ်​သည် အ​ထံ​တော်​သို့​စု​ဝေး​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ပင်​လယ်​ကမ်း​စပ်​ရှိ​လှေ​ပေါ်​သို့​တက်​၍ ထိုင်​တော်​မူ​၏။ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​မူ​ကား ပင်​လယ်​ကမ်း​ပေါ်​တွင်​ရှိ​နေ​ကြ​၏။

2. ထို​အ​ခါ ကိုယ်​တော်​သည် များ​စွာ​သော​အ​ကြောင်း​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​တို့​ဖြင့် သူ​တို့​အား သွန်​သင်​တော်​မူ​၏။ ထို​သို့​သွန်​သင်​ရာ​တွင် ကိုယ်​တော်​က

3. “နား​ထောင်​ကြ​လော့။ မျိုး​ကြဲ​သော​သူ​သည် မျိုး​ကြဲ​ရန်​ထွက်​သွား​လေ​၏။

4. ထို​သူ​မျိုး​ကြဲ​စဉ်​တွင် အ​ချို့​သော​မျိုး​စေ့​သည် လမ်း​ဘေး​တွင်​ကျ​သ​ဖြင့် ငှက်​တို့​သည် လာ​၍ ၎င်း​ကို​ကောက်​စား​ကြ​၏။

5. အ​ချို့​မူ​ကား မြေ​နည်း​၍ ကျောက်​ပေါ​များ​သော​နေ​ရာ​တွင်​ကျ​သ​ဖြင့် မြေ​သား​ပါး​သော​ကြောင့် ချက်​ချင်း​အ​ပင်​ပေါက်​လာ​၏။

6. သို့​သော် နေ​ထွက်​လာ​၍ နေ​လောင်​ဒဏ်​ခံ​ရ​သော​အ​ခါ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

7. အ​ချို့​မူ​ကား ဆူး​ပင်​တို့​တွင်​ကျ​သ​ဖြင့် ဆူး​ပင်​တို့​ကြီး​ထွား​လာ​၍ ၎င်း​ကို ကာ​ဆီး​ပိတ်​ဆို့​ကြ​သော​ကြောင့် အ​သီး​မ​သီး​ချေ။

8. အ​ချို့​တို့​မူ​ကား ကောင်း​သော​မြေ​၌​ကျ​သ​ဖြင့် အ​ပင်​ပေါက်​၍​ကြီး​ထွား​ကာ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ အ​သီး​သီး​လေ​၏”​ဟု မိန့်​တော်​မူ​၏။

9. ထို့​နောက် “ကြား​စ​ရာ​နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

10. ကိုယ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​နောက်​လိုက်​နောက်​ပါ​များ​နှင့် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​သည် ထို​ပုံ​ဥ​ပ​မာ​များ​အ​ကြောင်း​ကို မေး​လျှောက်​ကြ​၏။

11. ကိုယ်​တော်​က​လည်း “သင်​တို့​အား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို သိ​ခွင့်​ပေး​ထား​၏။ အ​ပြင်​လူ​တို့​အ​တွက်​မူ​ကား အ​ရာ​ရာ​ကို ပုံ​ဥ​ပ​မာ​များ​ဖြင့်​ဖော်​ပြ​ရ​၏။

12. ဤ​သည်​ကား သူ​တို့​သည် မြင်​လျက်​ပင် သ​တိ​မ​မူ​ဘဲ​မြင်​၍ ကြား​လျက်​ပင် နား​မ​လည်​ဘဲ​ကြား​ကြ​စေ​ရန်​ဖြစ်​၏။ သို့​မ​ဟုတ်​လျှင် သူ​တို့​သည် ပြောင်း​လဲ​၍ ခွင့်​လွှတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

13. ထို့​နောက် ကိုယ်​တော်​က “ဤ​ပုံ​ဥ​ပ​မာ​ကို​နား​မ​လည်​ကြ​သ​လော။ သို့​ဖြစ်​လျှင် သင်​တို့​သည် ပုံ​ဥ​ပ​မာ​အား​လုံး​ကို မည်​ကဲ့​သို့​နား​လည်​ကြ​မည်​နည်း။

14. မျိုး​ကြဲ​သော​သူ​သည် တ​ရား​စ​ကား​ကို​ကြဲ​၏။

15. တ​ရား​စ​ကား​ကို​ကြဲ​သော​အ​ခါ လမ်း​ဘေး​တွင် ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ ဤ​သို့​သော​သူ​တို့​ကို​ဆို​လို​၏။ တ​ရား​စ​ကား​ကို​သူ​တို့​ကြား​သော​အ​ခါ စာ​တန်​သည်​ချက်​ချင်း​လာ​၍ သူ​တို့​၌​ကြဲ​ထား​သော​တ​ရား​စ​ကား​ကို နုတ်​ယူ​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 4