9. လူထုပရိသတ်များရှိနေသောကြောင့် ကိုယ်တော်သည် မိမိကို လူတို့မတိုးကြိတ်မိစေရန် လှေတစ်စီးကို သူ့အတွက်အဆင်သင့်ထားရှိမည့်အကြောင်း တပည့်တော်တို့အား မိန့်တော်မူ၏။
10. အကြောင်းမူကား ကိုယ်တော်သည် လူများစွာတို့ကိုကျန်းမာစေခဲ့သည်ဖြစ်၍ ရောဂါဝေဒနာရှိသူအားလုံးတို့သည် ကိုယ်တော်ကိုတို့ထိနိုင်ရန် တိုးဝှေ့ကြ၏။
11. ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်ကြသောအခါ ရှေ့တော်၌ပျပ်ဝပ်လျက် “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်ကြ၏။
12. ကိုယ်တော်ကလည်း မိမိအကြောင်းကို သိသာထင်ရှားအောင်မပြုရန် ထိုနတ်ဆိုးတို့ကို တင်းကျပ်စွာသတိပေးတော်မူ၏။
13. ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့တက်သွား၍ အလိုတော်ရှိသောသူတို့ကိုခေါ်တော်မူလျှင် သူတို့သည် အထံတော်သို့လာကြ၏။
14. ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးတို့ကို ခန့်ထားပြီးလျှင် သူတို့ကို တမန်တော်ဟူ၍ခေါ်ဝေါ်သမုတ်တော်မူ၏။ ဤသည်ကား သူတို့ကို ကိုယ်တော်နှင့်အတူရှိစေရန်နှင့် သူတို့ကိုစေလွှတ်၍ တရားဟောစေကာ
15. နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သည့်အခွင့်အာဏာရှိစေရန်အတွက်ဖြစ်၏။
16. ခန့်ထားတော်မူသောတစ်ဆယ့်နှစ်ပါးမှာ ပေတရုဟုကိုယ်တော်အမည်ပေးထားသော ရှိမုန်၊
17. မိုးကြိုး၏သားများဟူ၍အဓိပ္ပာယ်ရသည့် ဗောနေရဂက်ဟုကိုယ်တော်အမည်ပေးထားသော ဇေဗေဒဲ၏သားယာကုပ်နှင့် ယာကုပ်၏ညီယောဟန်၊
18. အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့်