4. ထို့နောက် လူတို့အား “တရားတော်အရ ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုအပ်သလော သို့မဟုတ် ဆိုးသောအမှုကိုပြုအပ်သလော။ အသက်ကိုကယ်အပ်သလော သို့မဟုတ် သတ်အပ်သလော”ဟု မေးတော်မူ၏။ သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။
5. ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား “သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
6. ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း ဟေရုဒ်၏လူများနှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးကြ၏။
7. ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ပင်လယ်ဘက်သို့ထွက်ခွာသွားတော်မူရာ ဂါလိလဲနယ်မှ လူအမြောက်အမြားတို့သည် လိုက်လာကြ၏။ ထို့ပြင် ယုဒနယ်၊